ဇာတ်ကားများ ရွေးရန်

The Specials

2026ဇာတ်ကားအမှတ် 6.0/10111 မိနစ်

The Specials (2026) အသက်အရွယ်စုံ ဂျပန်မင်းသားတွေ စုပေါင်းပါဝင်ထားတဲ့ ရုံတင်ကားအသစ်စက်စက်လေး ထွက်လာပါပြီဗျာ။ ဒီကားလေးကလည်း ဇာတ်လမ်းက ထူးခြားပါတယ်။ ယာကူဇာလောကရဲ့ ထိပ်ခေါင်ဘဲကြီးကို ပြိုင်ဘက်တွေက လိုက်ပြီး လုပ်ကြံနေကြတာ လူစားထိုးတွေနဲ့ တွေ့တွေ့ပြီး တကယ့်လူအစစ်ကို ရှာမတွေ့ကြပဲ အခုထိ တိုင်ပတ်ရွာလည်နေကြတုန်းပေါ့။ အဲဒီမှာတင် ကံကောင်းထောက်မစွာနဲ့ သတင်းတစ်ခုရလာတာက ဒီ ဆရာကြီးဆိုတဲ့ဘဲကြီးက သူ့မြေးမလေးကိုချစ်ပြီး မြေးမလေး ကတဲ့ပြိုင်ပွဲတွေဆို လူကိုယ်တိုင် လိုက်ကြည့်အားပေးတတ်တာပါပဲ။ အဲဒီမှာတင် ဒီယာကူဇာဂိုဏ်းကနေ ဒီလူကြီးကို လုပ်ကြံဖို့ဆိုရင် သူ့မြေးမလေးပြိုင်တဲ့ပြိုင်ပွဲထဲကို အဖွဲ့လိုက်ပြိုင်မှ လုပ်ကြံနိုင်မယ်ဆိုပြီး တစ်ဦးတစ်ယောက်တည်းပဲ လှုပ်ရှားတတ်တဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားတွေကို စုဆောင်းပြီး အကအဖွဲ့ကြီးဖွဲ့ ဝင်ပြိုင်ပြီး လုပ်ကြံဖို့ ကြိုးစားကြမှာကို ဘယ်လိုတွေ လွဲကြဦးမလဲ တစ်ဦးချင်းထူးချွန်ကြပေမဲ့ အဖွဲ့လိုက် မလှုပ်ရှားတတ်တဲ့လူတွေ အဆင်ပြေပါ့မလား နောက်ပြီး ဒီလိုလူမိုက်ကြီး အကအဖွဲ့ကို ဘယ်လိုလူမျိုးက ဦးဆောင်ပြီး အကသင်ပေးသွားမလဲ စသဖြင့် စိတ်ဝင်စားစရာ ဟာသလေးတွေ အက်ရှင်ခန်းတွေ ဒရမ်မာလေးတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းပေးထားတဲ့ ဂျပန်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း နာမည်ကြီး Idol အဖွဲ့ Snow Man က Sakuma Daisuke တို့ Alice in Borderland နဲ့ High & Low ဇာတ်လမ်းတွေထဲက ဘဲကြီး Sho Aoyagi တို့ မင်းသားဟောင်းကြီးတွေရော အများကြီး ပါဝင်ပေးထားတာပါ။

ဇာတ်လမ်းအကြောင်း