ဇာတ်ကားများ ရွေးရန်

Breakfast on Pluto

2005ဇာတ်ကားအမှတ် 7.1/10128 မိနစ်

ပတ်ထရစ်ဟာ မွေးကင်းစကတည်းက စွန့်ပစ်ခံခဲ့ရပြီး မိဘအရင်းတွေ ဘယ်သူဘယ်ဝါဆိုတာ မသိဘဲ မွေးစားမိသားစုနဲ့ ကြီးပြင်းလာခဲ့သူပါ။ ကိုယ့်ကိုယ်ကိုယ် ကစ်တန်လို့ နာမည်ပေးထားပြီး ငယ်ငယ်ကတည်းက ဂါဝန်တွေနဲ့ မိန်းကလေးအသုံးအဆောင်တွေကို သဘောကျခဲ့တယ်။ ကိုယ့်လိင်ခံယူချက်ကို သိနေပေမဲ့ ပတ်ဝန်းကျင်နဲ့ မွေးစားမိသားစုရဲ့ ဟန့်တားမှုတွေကြောင့် ကိုယ်ဖြစ်ချင်သလို ပေါ်ပေါ်ထင်ထင် နေခွင့်မရခဲ့ပါဘူး။ အရွယ်ရောက်လာတော့ ကစ်တန်က ကိုယ့်လိင်ခံယူချက်အတိုင်း ပွင့်ပွင့်လင်းလင်း နေထိုင်လာပါတယ်။ ဒါပေမဲ့ အသိုင်းအဝိုင်းက လက်မခံနိုင်ကြတဲ့အတွက် တစ်နေ့မှာ အိမ်ကဆင်းပြီး အမေအရင်း ရှိတယ်လို့ သိထားတဲ့ လန်ဒန်မြို့ကို ရှာဖွေဖို့ ထွက်လာခဲ့တယ်။ Cillian Murphy က ကစ်တန်အဖြစ် သရုပ်ဆောင်ထားပြီး ဒီခရီးမှာ ဘယ်လိုအလွဲတွေနဲ့ ကြုံရမလဲ၊ အမေကိုရော ရှာတွေ့နိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း