ဇာတ်ကားများ ရွေးရန်

Tiger on the Beat

1988ဇာတ်ကားအမှတ် 6.5/1094 မိနစ်

ဝါရင့်ရဲအရာရှိ ဖရန်စစ်လီကတော့ အလုပ်မှာ အတွေ့အကြုံများပေမယ့် ပျင်းရိတဲ့စရိုက်ရှိသူဖြစ်ပြီး မိန်းကလေး လိုက်စားရတာ ဝါသနာပါတဲ့သူတစ်ယောက်ပါ တ​နေ့မှာ​တော့ ကိုယ်ခံပညာ အရမ်းတော်တဲ့ လူငယ်ရဲအရာရှိ မိုက်ကယ် ဆိုသူနဲ့ အတူတွဲဖက်တာဝန်ပေးခံရပါတယ် အစပိုင်းမှာ နှစ်ယောက်စလုံး အမြင်မတူဘဲ မကြာခဏ ရန်ဖြစ်နေကြပေမယ့် ဘိန်းဖြန့်ချီသူ မြွေဆိုး ပင်း ဆိုတဲ့လူ ​သတ်ဖြတ်ခံရတဲ့အမှုကို စုံစမ်းရင်း အတူတကွ ပူးပေါင်းလုပ်ဆောင်လာကြပါတယ် ဒီအမှုကိုစုံစမ်းရင်း မြွေဆိုးပင်းရဲ့ညီမ မေရီဒေါနား ဆီကနေ သဲလွန်စရရှိပြီး သူ့ရဲ့ပူး​ပေါင်းထွက်ဆိုချက်ကြောင့် မူးယစ်ဂိုဏ်းခေါင်းဆောင် "ဂျော်နီလော" ကို ဖမ်းဆီးနိုင်ခဲ့ပါတယ် ဒါပေမယ့် ဂိုဏ်းသားတွေက လက်စားချေဖို့ ကြိုးစားလာပြီး မေရီဒေါနားနဲ့ ဖရန်စစ်လီရဲ့ ညီမတွေကိုပါ ပစ်မှတ်ထားလာခဲ့​ကြပါတယ် နောက်ဆုံးမှာတော့ ဖရန်စစ်လီနဲ့မိုက်ကယ်တို့က သူတိုမစ်ရှင်အောင်မြင်ဖို့နဲ့ မိန်းကလေးနှစ်ယောက်ကို ကယ်တင်ဖို့ ရာဇဝတ်ဂိုဏ်းကို ဘယ်လိုကြိုးစားပြီး အပြင်းအထန် တိုက်ခိုက်ကြမလဲဆိုတာကတော့... အကြမ်းစား Action ဇာတ်ကားမျိုး ကြိုက်တယ်ဆိုရင်တော့ ဒီကားလေးက perfect မို့ ညွှန်းပေးလိုက်ပါတယ်

ဇာတ်လမ်းအကြောင်း