Disforia
Disforia (2025) Netflix ရဲ့ နာမည်ကျော် High-school ဒရာမာစီးရီး Elite က Rebenca အဖြစ် ပါဝင်ခဲ့တဲ့ စပိန်မင်းသမီး Claudia Salas ရဲ့ Psychological Thriller ကားကောင်းတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းနောက်ခံကတော့ အနာဂတ်ကာလတစ်ခု... လူ့အဖွဲ့အစည်းကြီး ပျက်စီးယိုယွင်းပြီး သူခိုးဓားပြ ဂျပိုးတွေရဲ့ ဆူပူလုယက်မှုတွေ ပြည့်နှက်နေတဲ့ မြို့ငယ်လေးတစ်မြို့ကနေ စတင်ထားပါတယ်။ အဆိုပါ ဘေးအန္တရာယ်တွေကြားထဲကနေ အက်စတာနဲ့ သောမတ်စ်ဆိုတဲ့ လင်မယားနှစ်ဦးဟာ... သူတို့ရဲ့ ၈ နှစ်အရွယ် သမီးငယ်လေး ဆေး (Say) ကို ခေါ်ဆောင်ပြီး ဘေးလွတ်ရာဆီ အသည်းအသန် ထွက်ပြေးခဲ့ကြပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတော့ အခြေအနေ ကောင်းမွန်စဉ်တုန်းကဝယ်ယူထားခဲ့ဖူးတဲ့ ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသက အိမ်ဟောင်းလေး ဆီကို သွားရောက်ပုန်းအောင်းဖို့ ဖြစ်ပါတယ်။ အက်စတာ့ရဲ့ အစီအစဉ်ကတော့... ဒီအိမ်ဟောင်းလေးကို အမြန်ဆုံးပြန်လည်ရောင်းချပြီး ရလာတဲ့ ငွေကြေးတွေနဲ့ စစ်ဘေး၊ ကပ်ဘေးတွေနဲ့ ကင်းဝေးတဲ့ ပြင်သစ်နိုင်ငံ ဆီကို မိသားစုလိုက် အပြီးအပိုင် ထွက်ပြေးတိမ်းရှောင်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းရဲ့ သွေးပျက်စရာ အလှည့်အပြောင်းက— လင်မယားနှစ်ယောက်ကြား ယုံကြည်မှုတွေ ပျက်ပြားလာတဲ့အချိန်မှာပဲ... ခင်ပွန်းဖြစ်သူ သောမတ်စ်ဟာ အက်စတာ မသိအောင် အခြားသော လျှို့ဝှက်အကြံအစည်တွေတွေကို တိတ်တဆိတ် ဖုံးကွယ်ထားတာ ဖြစ်ပါတယ်။ ကပ်ဘေးထက် ကြောက်စရာကောင်းတဲ့ ခင်ပွန်းဖြစ်သူရဲ့ အမှောင်ဘက်ခြမ်း လှည့်ကွက်တွေ၊ သမီးငယ်လေးကို ကယ်တင်ဖို့ ကြိုးစားမယ့် မိခင်တစ်ဦးရဲ့ ရုန်းကန်မှုတွေကို မှိုင်းညို့ညို့ Vibe ကြားထဲမှာ ရင်တမမနဲ့ ရိုက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း