ဇာတ်ကားများ ရွေးရန်

Love Go Go Go!

2026ဇာတ်ကားအမှတ် 5.5/10

အခုခေတ်လူငယ်တွေရဲ့ မတူတဲ့ဘဝအမြင်မတူတွေ ငွေကြေးသုံးစွဲပုံတွေကနေဖြစ်လာတဲ့ ပဋိပက်ခတွေကို အလှဆုံးပုံဖော်ထားတဲ့ အပြန်အလှန်စိတ်ဒဏ်ရာတွေကိုကုစားပေးမယ့် လူငယ်အချစ်ကားလေးပဲဖြစ်ပါတယ်။ ကျန်းရော့ယွီဟာ ပိုက်ဆံဆိုတာ ပျော်ရွှင်မှုပဲလို့ခံယူထားတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ သုံးဖြုန်းနေတတ်ပြီး အကြွေးရှင်တွေက ဘယ်လောက်ပဲဖိအားပေးပေး အမြင်ကပ်စရာကောင်းလောက်အောင်အေးဆေးနေတတ်တဲ့ အကျင့်နဲ့ကောင်လေးပါ။ ကျာချုံကတော့ ဘဝလုံခြုံမှုရှိဖို့ကိုပဲအဓိကထားပြီးတော့ ကိုယ်ပိုင်အိမ်တစ်လုံးဝယ်နိုင်ဖို့အတွက် အသေအလဲအလုပ်လုပ်ပြီး ပိုက်ဆံကိုစေ့စေ့စပ်စပ်စုဆောင်းတတ်တဲ့ မိန်းကလေးဖြစ်ပါတယ်။ ပိုက်ဆံဖြုန်းပြီးပျော်အောင်နေမယ်ဆိုတဲ့ စားသုံးသူဝါဒရှင်နဲ့ ပိုက်ဆံစုပြီး အခြေတကျနေမယ်ဆိုတဲ့ လက်တွေ့ဝါဒရှင်တို့နှစ်ယောက်တွေ့ကြတဲ့အခါမှာတော့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ သူတို့နှစ်ယောက်ဟာ အကြောင်းအမျိုးမျိုးကြောင့်အတူဖြတ်သန်းခွင့်ကြုံလာခဲ့ပါတယ်။မရည်ရွယ်ပဲ ဖြစ်လာတဲ့သူတို့ရဲ့တွေ့ဆုံမှုက သူတို့ရဲ့အပြင်ပန်းကမာကျောတဲ့အခွံတွေကို တဖြည်းဖြည်းခွာချပြီး ရင်ထဲကနာကျင်လွယ်တဲ့ဒဏ်ရာတွေနဲ့ နူးညံ့တဲ့စိတ်နေစိတ်ထားတွေကို အပြန်အလှန်မြင်တွေ့ခွင့်ရလာခဲ့ကြပါတယ်။ ဘဝရဲ့ဖိအားတွေရိုက်ခတ်လာတဲ့အချိန်မှာ ကျန်းရော့ယွီဟာ သူ့ရဲ့အရင်လိုပေါ့ပျက်ပျက်ပုံစံကိုစွန့်လွှတ်ပြီးတော့ ချစ်ရသူအတွက် အားကိုးအားထားရတဲ့ တာဝန်ယူတတ်တဲ့ ယောင်္ကျားတစ်ယောက်အဖြစ်ပြောင်းလဲလာခဲ့ပါတယ်။ ကျာချုံနှလုံးသားထဲက အထီးကျန်မှုတွေနဲ့ ဒဏ်ရာတွေကိုကုစားပေးဖို့အစွမ်းကုန်ကြိုးစားရင်း ဘယ်နေရာပဲရောက်ရောက် ကိုယ်တို့နှစ်ယောက်ရှိတဲ့နေရာကအိမ်ပဲ ဆိုတဲ့ အချစ်ဝန်ခံချက်နဲ့အတူ သူတို့နှစ်ယောက်ဟာ တစ်ယောက်ရဲ့အင်အားတွေအဖြစ်ရပ်တည်ပေးရင်း လက်တွဲပြီးပိုလှပတဲ့အနာဂတ်ဆီကိုအတူလျှောက်လှမ်းသွားခဲ့ကြပါတော့တယ် Filesize : 1.62 GB / 943 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama, Comedy, and Romance Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း