The Caged Butterfly
စံအိမ်တစ်လုံးမှာ သရဲရှိတယ်လို့ လူတိုင်းယုံကြည်နေကြပေမဲ့…တကယ်တမ်း ကြောက်စရာအကောင်းဆုံးအရာက အဲဒီအိမ်ထဲမှာ ဖုံးကွယ်ထားတဲ့ အမှန်တရားဖြစ်နေခဲ့ရင်ရော… 2026 ခုနှစ် ဧပြီလ ၃ ရက်နေ့မှာ ရုံတင်ပြသခဲ့တဲ့ The Caged Butterfly ရုပ်ရှင်လေးဟာ 2024 ခုနှစ်က ထွက်ရှိခဲ့တဲ့ Yin Yang Mansion ရဲ့ sequel ဇာတ်ကားတစ်ကားဖြစ်ပါတယ်… ဒါရိုက်တာ Hao Han ရိုက်ကူးထားပြီး Li Meng 、Liu Siwei နဲ့ Jiang Zhuojun တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်…ရုံတင်ဝင်ငွေ ယွမ်၁၁၀ သန်းကျော် ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လုမိသားစုစံအိမ်ကြီးဟာ သရဲခြောက်တဲ့အိမ်အဖြစ် လူသိများနေပါတယ် စံအိမ်ရဲ့ပိုင်ရှင် လုယောင်က မိသားစုယာဉ်မတော်တဆမှုအပြီး အိမ်ထဲမှာပဲ အထီးကျန်နေထိုင်လာခဲ့ပြီး သူ့ကို ကာကွယ်ပေးနေတဲ့ ဝိညာဉ်တွေရှိတယ်ဆိုတဲ့ ကောလာဟလတွေလည်း ပျံ့နှံ့နေပါတယ် တစ်ဖက်မှာတော့ အချစ်ကိုအသုံးချပြီး လိမ်လည်ငွေရှာတဲ့ အားဝေဟာ အကြွေးတွေနဲ့ ဖိအားပေးခံနေရချိန်မှာ လုမိသားစုအိမ်နဲ့ ဆက်နွယ်လာပါတယ် အဲဒီနောက် စံအိမ်အတွင်းမှာ မရှင်းလင်းတဲ့ သရဲဖြစ်ရပ်တွေ သံသယဖြစ်စရာ သေဆုံးမှုတွေနဲ့ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ မိသားစုလျှို့ဝှက်ချက်တွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတဲ့အခါမှာတော့ သရဲခြောက်တာက တကယ်ပဲလား ဒါမှမဟုတ် လူတွေရဲ့ လောဘ လိမ်ညာမှုနဲ့ အာဏာလိုချင်စိတ်တွေကပဲ ဒီအရာအားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတာလားဆိုတာကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် အဆုံးသတ်မှာတော့ ထင်မှတ်မထားတဲ့ အမှန်တရားနဲ့ တရားမျှတမှုတွေဟာ ဘယ်လိုဖော်ထုတ်ပြီး ပေါ်ထွက်လာမလဲဆိုတာ horror-mystery ဇာတ်အိမ်ကိုနှစ်သက်တဲ့ပရိသတ်ကြီးအတွက် ကြည့်ရှုရတန်စေမဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် Filesize : 675 MB / 404 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Thriller and Horror Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်လမ်းအကြောင်း