ဇာတ်ကားများ ရွေးရန်

Glenrothan

2026ဇာတ်ကားအမှတ် 6.0/1099 မိနစ်

Glenrothan (2026) +++++++ ဒီကားဟာ ဗြိတိန်ရဲ့ နာမည်ကြီးဝါရင့်မင်းသားကြီး Brian Cox (အောင်မြင်ကျော်ကြားလှတဲ့ Succession ဇာတ်လမ်းတွဲထဲက မင်းသားကြီး) ကိုယ်တိုင် ပထမဆုံးအကြိမ် ဒါရိုက်တာအဖြစ် ရိုက်ကူးပုံဖော်ထားတဲ့ ဗြိတိန် ဒရမ်မာနဲ့ ဟာသ (Comedy-Drama) ရုပ်ရှင်ကားသစ် ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး Brian Cox ကိုယ်တိုင်နဲ့အတူ မင်းသား Alan Cumming တို့က ညီအစ်ကိုနှစ်ယောက်အဖြစ် အဓိကတွဲဖက် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းက စကော့တလန်ရဲ့ လှပဆန်းပြားတဲ့ တောင်တန်းဒေသ (Scottish Highlands) ကို နောက်ခံထားတာပါ။ အဓိကဇာတ်ကောင် ဒေါ်နယ် (Donal) ဟာ အမေရိကန် (ချီကာဂို) မှာ နှစ်ပေါင်း ၃၅ နှစ်၊ ၄၀ နီးပါးလောက် သွားရောက်အခြေချ နေထိုင်ခဲ့ပြီးတဲ့နောက်၊ သူ့ရဲ့ဇာတိမြေဖြစ်တဲ့ စကော့တလန်ကို မလွှဲမရှောင်သာဘဲ ပြန်လာခဲ့ရပါတယ်။ အကြောင်းကတော့ စိတ်ဝမ်းကွဲပြီး အဆက်အသွယ်ပြတ်နေတဲ့ သူ့ရဲ့အစ်ကိုကြီး ဆန်ဒီ (Sandy) နဲ့ ပြန်လည်သင့်မြတ်ဖို့ စိတ်ကူးနဲ့ပေါ့။ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ မိသားစုမှာ နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ သမိုင်းဝင် ရိုးရာဝီစကီချက်စက်ရုံကြီးတစ်ခု ရှိပါတယ်။ အခုအခါမှာတော့ အစ်ကိုဖြစ်သူ ဆန်ဒီက အသက်ကြီးလာပြီး စက်ရုံကို တစ်ယောက်တည်း ဆက်မလုပ်နိုင်တော့တဲ့အတွက် ညီဖြစ်သူ ဒေါ်နယ်ကို မိသားစုအမွေအနှစ်အဖြစ် ဒီလုပ်ငန်းကို လွှဲပြောင်းရယူစေချင်နေတာပါ။ အကယ်၍ ဒေါ်နယ်ကသာ ငြင်းပယ်ပြီး လက်မခံဘူးဆိုရင် ဒီသမိုင်းဝင်စက်ရုံကြီးကို တခြားသူဆီ အပြီးအပိုင် ရောင်းချလိုက်ရတော့မယ့် အခြေအနေ ဆိုက်နေပါတယ်။ ဒါပေမဲ့ သူတို့ညီအစ်ကိုနှစ်ယောက် ပြန်ဆုံကြတဲ့အခါမှာ လက်ရှိစီးပွားရေးပြဿနာတင်မကဘဲ အတိတ်က စိတ်ဒဏ်ရာဟောင်းတွေကိုပါ ပြန်ရင်ဆိုင်ရပါတော့တယ်။ လွန်ခဲ့တဲ့ နှစ် ၄၀ က သူတို့အမေဆုံးတဲ့ ဈာပနနေ့မှာပဲ ဖခင်ဖြစ်သူနဲ့ ညီအစ်ကိုနှစ်ယောက်ကြား ပြင်းပြင်းထန်ထန် ရန်ဖြစ်ခဲ့ကြပြီး၊ အဲဒီနေ့မှာပဲ ဒေါ်နယ်ဟာ အိမ်ကနေ အမေရိကန်ကို အပြီးအပိုင် ထွက်ခွာသွားခဲ့တာပါ။ အခု ပြန်ဆုံကြတဲ့အခါမှာတော့ မိသားစုစီးပွားရေးကို ကယ်တင်ဖို့ ကြိုးစားရင်း တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်ဖို့၊ အတိတ်က ဒဏ်ရာတွေကို ကုစားပြီး သံယောဇဉ်ပြန်ဆက်ဖို့ ဘယ်လိုမျိုး ကြိုးစားကြမလဲဆိုတာကို ရင်နင့်စရာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို "စကော့တလန်နိုင်ငံအတွက် ပေးပို့တဲ့ အချစ်ပေးစာတစ်စောင်" လို့ တင်စားကြပါတယ်။ စကော့တလန်တောင်တန်းဒေသရဲ့ ရှုခင်းအလှအပတွေ၊ ဝီစကီချက်တဲ့ ရိုးရာအနုပညာတွေနဲ့အတူ မိသားစု သံယောဇဉ်၊ ခွင့်လွှတ်ခြင်းနဲ့ နားလည်မှုပေးခြင်း အကြောင်းအရာတွေကို ဟာသလေးတွေ နှောပြီး ရိုးရိုးရှင်းရှင်းနဲ့ ရင်ထဲရောက်အောင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File Size… (1.34GB) / (733MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 37m Genre ….Drama , Comedy Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း