ဇာတ်ကားများ ရွေးရန်

Wish You Well

2026ဇာတ်ကားအမှတ် 5.0/10

ပရိသတ်တို့ အချစ်ရေးမှာလည်း ပါရဂူ အကြံပေးလိုအပ်တယ်ဆိုတာ သိမှာပါ... ဒါကြောင့် ဒီကားလေးက နှလုံးသားရေးလမ်းမှာ လမ်းပျောက်နေသူတွေ အထူးကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးလို့ အရင် မိတ်ဆက်ပေးချင်ပါတယ်...ဒီကားလေးက လူနှစ်ယောက်ရဲ့ဘဝ၊ မိသားစု နှစ်စုကို ပေါင်းစပ်ပေးထားတဲ့ လက်စွပ်လေး နှစ်ကွင်း အနီရောင်စာအုပ်လေး နှစ်အုပ်နောက်ကွယ်က လူတွေမသိတဲ့ မမြင်ရတဲ့ဖိအားတွေနဲ့... သေးမျှင်လှတဲ့ သံယောဇဉ်၊ ချစ်ခြင်း မေတ္တာနဲ့ သစ္စာတရားကြိုးမျှင်တွေအကြောင်းကို အခြေခံရိုက်ကူး ပုံဖော်ထားတဲ့ကားလေးပေါ့... ဒီကားလေးရဲ့ အဓိက ဇာတ်ဆောင်နှစ်ယောက် အချစ်ရေးအကြံပေး တင်ဆက်သူ ကျူးကျွင်းဟောင်နဲ့ အမျိုးသားပြည်သူ့ရေးရာမှာ အိမ်ထောင်ရေးလက်ထပ်မှတ်ပုံတင်တာဝန်ယူရတဲ့ ရုံးဝန်ထမ်းလေး ကုန်းရှီတို့ပေါ့... တရုတ်နိုင်ငံမှာက ကွာရှင်းဖို့ဆို ပြန်လည်စဉ်းစားချိန် ၁ လ ဆိုပြီး ကျော်ဖြတ်ရသေးတယ်လေ...ဒါကြောင့်လည်း ကျူးကျွင်းဟောင်နဲ့ ကုန်းရှီတို့ အတွဲလည်း ၁ လ ထိုင်စောင့်နေရတာပေါ့... ဒီလိုစောင့်နေရပေမယ့်လည်း အချင်းချင်းအဆက်အသွယ်မပြတ်သလိုမျိုး ကျူးကျွင်းဟောင်ကလည်း ဖော်လိုဝါတွေ ကျသွားမှာစိုးတဲ့အတွက် situationship အကြောင်း ရိုက်ကူးဖို့အတွက် ကုန်းရှီကို အကူအညီတောင်းရာကနေ အပြန်အလှန် ကြင်ဖက်ရှာပေးတဲ့အထိ ဖြစ်လာခဲ့တာပေါ့... သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲကြတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ သူတို့ရဲ့ လက်ကျန်ခံစားချက်တွေနဲ့ ကြေမွခဲ့တဲ့ အတိတ်ကို ပြန်မသွားချင်တော့တာတွေ အများကြီး ရိုက်ကူးထားခဲ့တာပေါ့... ကဲကဲ... အသေးစိတ်ကိုတော့ ထည့်မပြောပြတော့ဘူး ဇာတ်ကားလေးကိုကြည့်ရင်းနဲ့ တဖြည်းဖြည်းချင်း ခံစားမိမယ်ထင်ပါတယ်... အော် ပြောရဦးမယ်... ဒီကားလေးထဲက မင်းသားမင်းသမီးကို မသိကောင်း မသိနိုင်ပေမယ့် ဒီထဲက ပါဝင်တဲ့ မင်းသားမင်းသမီးတွေကို ရင်းနှီးပြီးသားဖြစ်မှာမို့ ဇာတ်ကားကောင်းလေးကို ကြည့်ဖြစ်အောင်ကြည့်နော်. Filesize : 1.27 GB / 751 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama, Romance, and Comedy Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း