The Devil Wears Prada 2
The Devil Wears Prada 2 (2026) 4K HEVC +++++++++++ IMDb Rating (6.6) / Rotten Tomatoes (77%) ပထမကားထွက်ပြီး နှစ် ၂၀ အကြာမှာ အားလုံးက အရမ်းကို စောင့်မျှော်ခဲ့ရတဲ့ The Devil Wears Prada 2 ရုပ်ရှင်ကြီး ထွက်လာပါပြီ။ အရင်ကားက မူလသရုပ်ဆောင်တွေဖြစ်တဲ့ Meryl Streep, Anne Hathaway, Emily Blunt နဲ့ Stanley Tucci တို့ အကုန်ပြန်ပါလာတာမို့လို့ တကယ့်ကို အလွမ်းပြေစေမယ့် ကားလေးပါ။ ဇာတ်လမ်းအကျဉ်း ++++++++++++ ဒီကားမှာ အဓိကပြသွားတာက ခေတ်တွေပြောင်းသွားပြီး ဒစ်ဂျစ်တယ်မီဒီယာတွေ လွှမ်းမိုးလာတဲ့အချိန် ပုံနှိပ်မဂ္ဂဇင်းကြီးဖြစ်တဲ့ Runway ဘယ်လိုရုန်းကန်ရလဲ ဆိုတာပါပဲ။ ဇာတ်လမ်းစစချင်းမှာ အန်ဒီ (Andy) က သတင်းဌာနတစ်ခုမှာ အလုပ်လုပ်နေရင်း ရုတ်တရက် အလုပ်ပြုတ်သွားတယ်။ အဲဒီမှာ သူပြောခဲ့တဲ့ စကားတွေက အွန်လိုင်းမှာ နာမည်ကြီး ဖြစ်သွားရော။ တစ်ဖက်မှာလည်း မစ္စ မီရန်ဒါ (Miranda) က မဂ္ဂဇင်းကို ဆက်ရပ်တည်နိုင်ဖို့ အတော်လေး ခေါင်းခဲနေရတယ်။ ပိုဆိုးတာက သူ့ရဲ့ လက်ထောက်ဟောင်း အမ်မလီ (Emily) က အခုဆိုရင် Dior လို ဇိမ်ခံဘရန်းမှာ အမှုဆောင်အရာရှိကြီး ဖြစ်နေပြီး ကြော်ငြာကိစ္စတွေမှာ မီရန်ဒါနဲ့ အပြိုင်အဆိုင် ဖြစ်နေတာပါ။ အဲဒါနဲ့ Runway မဂ္ဂဇင်းရဲ့ နာမည်ကို ပြန်ဆယ်ဖို့ ဥက္ကဋ္ဌကြီးက အန်ဒီကို Feature Editor အနေနဲ့ ပြန်ခေါ်ခန့်လိုက်တယ်။ အန်ဒီ Runway ကို ပြန်ရောက်သွားတဲ့အချိန်မှာ မီရန်ဒါက သူ့ကို လုံးဝမမှတ်မိသလို ဟန်ဆောင်နေတာတွေ၊ လက်ထောက်အသစ်တွေနဲ့ အန်ဒီတို့ ဘယ်လိုတွေ အချင်းများကြမလဲ၊ အမ်မလီနဲ့ရော ဘယ်လိုတွေ ထိပ်တိုက်တွေ့ကြမလဲ ဆိုတာကို ရိုက်ပြထားတာပါ။ ဒီကားက ပထမကားလောက် အဆိပ်မပြင်းပေမဲ့ မူရင်းအငွေ့အသက်တွေ အပြည့်ပါပဲ။ ဖက်ရှင်တွေကတော့ ပြောစရာမလိုအောင် မိုက်တုန်းပဲ။ အန်ဒီနဲ့ အမ်မလီတို့ရဲ့ အချိတ်အဆက်တွေက ကြည့်ရတာ တော်တော်လေး သဘောကျစရာကောင်းတယ်။ ခေတ်သစ် အွန်လိုင်းမီဒီယာ အခက်အခဲတွေကိုပါ ထည့်ရိုက်ထားတာမို့လို့ ဇာတ်လမ်းက အသက်ဝင်ပါတယ်။ နည်းနည်းလေး ဟာတာကတော့ အန်ဒီရဲ့ အချစ်ရေးဇာတ်လမ်း အသစ်လေးက သိပ်ပြီး ဆွဲဆောင်မှုမရှိတာပါပဲ။ ဒါပေမဲ့ အရင်ကားကို ကြိုက်ခဲ့တဲ့ ပရိသတ်တွေအတွက်တော့ ကျေနပ်စရာ ကားကောင်းတစ်ကားပါ။ နာမည်ကြီး ဧည့်သည်သရုပ်ဆောင်များ: ဒီကားထဲမှာ Lady Gaga နဲ့ Donatella Versace တို့က Cameo အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Lady Gaga ဆိုရင် 70s စတိုင် ဂါဝန်ကြီးဝတ်ပြီး မော်ဒယ်တွေ လမ်းလျှောက်တဲ့အချိန် သီချင်းတောင် ဆိုပြသွားသေးတယ်။ မီရန်ဒါနဲ့ နိုင်ဂျယ်လ် (Nigel) တို့ ပါတဲ့ အခန်းတစ်ခန်းကို အီတလီနိုင်ငံ၊ မီလန်ဖက်ရှင်ဝိခ် (Milan Fashion Week) က တကယ့် Dolce & Gabbana ပွဲမှာ သွားရိုက်ခဲ့တာပါ။ ဒေါ်လာ သန်း ၁၀၀ ပဲ အကုန်ခံရိုက်ခဲ့ပေမဲ့ ရုံတင်ဝင်ငွေ ဒေါ်လာ ၆၈၅.၅ သန်းအထိ ရခဲ့ပြီး ၂၀၂၆ ခုနှစ်ရဲ့ တတိယမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ အမ်မလီရဲ့ ကောင်လေး Tech-bro အနေနဲ့ Justin Theroux က ပါဝင်ထားပြီး၊ မရန်ဒါရဲ့ လက်ထောက်အသစ် Amari နေရာမှာတော့ Bridgerton မင်းသမီး Simone Ashley က သရုပ်ဆောင်ထားပါတယ်။ ပထမကားကို 20th Century Fox က ထုတ်လုပ်ခဲ့တာဖြစ်ပြီး အခု အဲဒီစတူဒီယိုကို Disney က ဝယ်လိုက်ပြီဖြစ်ပေမဲ့ Runway မဂ္ဂဇင်းရဲ့ အငွေ့အသက်တွေကို မပျောက်ပျက်အောင် အကောင်းဆုံး ထိန်းသိမ်းပြီး ရိုက်ကူးထားနိုင်ခဲ့ပါတယ်။ လက်မလွတ်တမ်းကြည့်ရမဲ့ ဒရာမကားကောင်းတစ်ကားပါပဲ။ File Size… (5.54GB)/(1.70GB) / (958MB) Quality… WEB-DL 4K HEVC /1080p HEVC / 720p Format…mkv / mp4 Duration…1h 59m Genre ….Comedy , Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း