Making Life on Earth: Attenborough’s Greatest Adventure
Making Life on Earth: Attenborough’s Greatest Adventure (2026) ဗြိတိန်ရဲ့ဂန္ထဝင် သဘာဝသိပ္ပံပညာရှင်ကြီး ဆာဒေးဗစ်အက်တင်ဘရော့ကို ကမ္ဘာ့အကျော်ကြားဆုံး ရုပ်သံသဘာဝမှတ်တမ်းတင်သူအဖြစ် သမိုင်းတွင် စတင်ခြေချပေးခဲ့တဲ့ ၁၉၇၉ ခုနှစ်က အထူးမှတ်တမ်းတင် ရုပ်သံစီးရီးကြီး "Life on Earth" ရဲ့ ကန့်လန့်ကာနောက်ကွယ်က အခက်အခဲတွေ၊ စွန့်စားခန်းတွေကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ အထူးရုပ်သံမှတ်တမ်း (TV Special) ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော် (၁၉၇၉ ခုနှစ်) ကာလတုန်းက အခုခေတ်လိုမျိုး ခေတ်မှီလှတဲ့ ကင်မရာတွေ၊ ဒရုန်းတွေ၊ ဂြိုဟ်တုနည်းပညာတွေ မရှိသေးပါဘူး။ အဲဒီအချိန်မှာ BBC ကနေ တစ်ကမ္ဘာလုံးက တောရိုင်းတိရစ္ဆာန်တွေနဲ့ သဘာဝတရားရဲ့ ဆင့်ကဲပြောင်းလဲမှု သမိုင်းကြောင်းကြီးကို အပိုင်း ၁၃ ပိုင်းခွဲပြီး "Life on Earth" ဆိုတဲ့မှတ်တမ်းတင်ရုပ်ရှင်ကြီးကို ရိုက်ကူးဖို့ စတင်စီစဉ်ခဲ့ပါတယ်။ ဒီမှတ်တမ်းတင်ရုပ်ရှင်ကတော့ အဆိုပါ သမိုင်းဝင် စီးရီးကြီး ဖြစ်မြောက်အောင်မြင်ဖို့အတွက် ဆာဒေးဗစ်အက်တင်ဘရော့နဲ့ သူငယ်ချင်း ရုပ်ရှင်ဖန်တီးသူတွေဟာ... နည်းပညာမပြည့်စုံတဲ့ ခေတ်ဟောင်းကာလမှာ လူသူအရောက်ပေါက်နည်းတဲ့ တောနက်တွေ၊ ရေခဲပြင်တွေနဲ့ သမုဒ္ဒရာရေအောက်ထဲအထိ အသက်နဲ့ရင်းပြီး ဘယ်လိုမျိုး အခက်အခဲတွေကို ရင်ဆိုင်ကာ ကမ္ဘာ့ပထမဆုံးအကြိမ် တောရိုင်းတိရစ္ဆာန်ပြကွက်တွေကို ဖမ်းယူရိုက်ကူးခဲ့သလဲဆိုတာကို အနုစိတ် ပြန်လည်ဖော်ထုတ်ပြသထားပါတယ်။ အထူးသဖြင့် ဆာဒေးဗစ်အက်တင်ဘရော့ ရိုမ်ဘိုမြေပေါ်က ဂေါ်ရီလာမျောက်ဝံကြီးတွေနဲ့ ဆော့ကစားခဲ့တဲ့ သမိုင်းဝင် ပြကွက်လေးတွေရဲ့ ကင်မရာနောက်ကွယ်က ရင်ခုန်စရာ အမှန်တရားတွေကို ရိုက်ပြထားပြီး... ဒီဇာတ်ကားကြောင့်ပဲ ဒေးဗစ် အက်တင်ဘရော့ဟာ ကမ္ဘာ့ထိပ်တန်း သဘာဝသိပ္ပံပညာရှင်ကြီးအဖြစ် ထာဝရနေရာယူနိုင်ခဲ့ပုံကို ဂုဏ်ပြုတင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း