Mr Doom
ရုပ်ရှင်လောကမှာ ဖဲကစားနည်းပိုကာအကြောင်း ရိုက်ထားတဲ့ကားတွေ အများကြီးရှိပေမဲ့... စနူကာကစားနည်းရဲ့ အမှားမခံတဲ့ ဖိအားတွေကို Crime Thriller ပုံစံတစ်မျိုးနဲ့ ရိုက်ပြထားလို့ အမြင်သစ်တစ်ခု ဖြစ်စေမှာပါ။ ဇာတ်လမ်းကတော့ ဘဝမှာမတူညီတဲ့ နောက်ခံတွေ ရှိကြပေမဲ့ မထင်မှတ်ဘဲ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြတဲ့ ဂျက်ခ် နဲ့ ချာလီဆိုတဲ့ အတွဲအဖက် လူငယ်နှစ်ဦးအကြောင်းကနေ စတင်ထားပါတယ်။ သူတို့ရဲ့ ဘဝတစ်ခုလုံးဟာ... ဂျက်ပေါ့အပေါက် ၆ ပေါက်နဲ့ ဘောလုံး ၁၆ လုံးရှိတဲ့ စနူကာခုံပေါ်မှာပဲ လည်ပတ်နေတာ ဖြစ်ပါတယ်။ အကြွေးတွေ၊ မြေအောက်လောကရဲ့ ခြိမ်းခြောက်မှုတွေကြားထဲမှာ သူတို့နှစ်ဦးဟာစနူကာ လောင်းကစားလောကထဲကို ပိုမိုနက်နက်နဲနဲ ခြေချမိသွားပါတော့တယ်။အကြွေးနွံထဲနစ်နေတဲ့ ဘဝကနေထွက်ဖို့ ဘဝကို အလောင်းအစားပြုရမယ့် စနူကာပွဲကြီးကို ဘယ်လိုမျိုး ကစားကြမလဲဆိုတာကို ရိုက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း