ဇာတ်ကားများ ရွေးရန်

Breaking the Mysterious Sect

2026ဇာတ်ကားအမှတ် 4.9/10

လျှို့ဝှက်ဆန်းကြယ်မှုတွေရဲ့ နောက်ကွယ်မှာ တစ္ဆေသရဲတကယ်ရှိနေတာလား... ဒါမှမဟုတ် လူတွေရဲ့ လောဘကပဲ အရာအားလုံးကို ဖန်တီးခဲ့တာလား... တစ္ဆေခြောက်တဲ့ ရွာတစ်ရွာ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးသွားတဲ့ ရွာသားတွေ ဖုံးကွယ်ထားတဲ့ နှစ်ပေါင်းများစွာကြာ လျှို့ဝှက်ရတနာနဲ့ အသက်အန္တရာယ်ကြားက အမှန်တရားကို ဖော်ထုတ်ရမဲ့ နတ်ဆိုးနှိမ်နင်းသူတစ်ဦး... Breaking the Mysterious Sect (破玄门) ဆိုတဲ့ ဒီရုပ်ရှင်လေးဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေ အက်ရှင်နဲ့ ရတနာရှာဖွေစွန့်စားခန်းတွေကို ပေါင်းစပ်ထားတဲ့ 2026 ခုနှစ်ထွက် မူဗီတစ်ကားဖြစ်ပါတယ်Cast တွေအနေနဲ့ အဓိကဇာတ်ကောင် နင့်ရှောင်းအဖြစ် He Yike နဲ့ တခြားဇာတ်ကောင်တွေနေရာမှာ Geng Xiaoxiao, Han Sanming, Li Chong, Wang Xing နဲ့ Xu Huaihao တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ် သမ္မတနိုင်ငံအစောပိုင်းကာလ ရှန်းယင်းမြို့မှာ ထူးဆန်းတဲ့ တစ္ဆေခြောက်မှုတွေ ရွာသားတွေ အကြောင်းမဲ့ပျောက်ဆုံးသေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာပြီး တစ်မြို့လုံး ကြောက်ရွံ့ထိတ်လန့်နေကြပါတယ် အဲဒီအချိန်မှာ နတ်ဆိုးနှိမ်နင်းတဲ့ပညာရှင် နင့်ရှောင်းဟာ သူငယ်ချင်းဖြစ်သူ စူးချန်ရဲ့ အကူအညီတောင်းခံမှုကြောင့် ရွာကိုရောက်လာပြီး ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က အမှန်တရားကို စုံစမ်းဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် စုံစမ်းရင်းနဲ့ နင့်ရှောင်းဟာ တစ္ဆေတကယ်ခြောက်နေတာ မဟုတ်ဘဲ နှစ်ပေါင်းများစွာက ဖုံးကွယ်ထားတဲ့ တပ်မှူးချုပ်ရဲ့ ရတနာနဲ့ လျှို့ဝှက်အမိန့်တော်၊ လူတွေရဲ့ လောဘနဲ့ အာဏာလိုချင်စိတ်တွေနဲ့ ဆက်စပ်နေတဲ့ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုကို ရှာဖွေတွေ့ရှိလာတဲ့အခါ...အဲဒီအချိန်မှာ လျှို့ဝှက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင် ဟေးကျုံဟာ ရတနာကို လက်ဝယ်ရယူဖို့ အပြစ်မဲ့ရွာသားတွေကို အသုံးချပြီး ကြောက်ရွံ့မှုတွေ ဖန်တီးနေတာဖြစ်ကြောင်း တဖြည်းဖြည်း ပေါ်လွင်လာတဲ့အခါ...နင့်ရှောင်းဟာ သရဲဒဏ္ဍာရီတွေရဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာ အဆုံးထိ ပဟေဠိတွေကို တစ်ဆင့်ချင်း ဖြေရှင်းသွားမဲ့စိတ်ဝင်စားဖွယ် ရုပ်ရှင်လေးတစ်ကားဖြစ်ပါတယ် Filesize : 1.16 GB / 651 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Horror, Thriller, Fantasy, and Adventure Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း