ဇာတ်ကားများ ရွေးရန်

On a String

2026ဇာတ်ကားအမှတ် 6.5/1078 မိနစ်

On a String (2026) +++++++ ဒီကားလေးက နယူးယောက်မြို့က ဂီတလောကအကြောင်းကို ဟာသနှောပြီး ရိုက်ထားတဲ့ Indie ရုပ်ရှင်ကားလေးပါ။ နာမည်ကြီး Tribeca Film Festival မှာတောင် အကောင်းဆုံးဇာတ်ညွှန်းဆု ရထားတာပါ။ အစ္စဘဲလ် (Isabel) ဆိုတဲ့မိန်းကလေးက ဗီယိုလာ (Viola) တီးတဲ့သူပါ။ ကျောင်းပြီးသွားပေမယ့် အလုပ်က အတည်တကျမရှိသေးပါဘူး။ ပိုက်ဆံကမရှိတော့ အိမ်ကစရိုက်ဆန်းတဲ့မိဘတွေနဲ့ ပြန်နေရတယ်။ ပြီးတော့ ပိုက်ဆံရဖို့ ကြုံရာကျပန်း ဂီတဝိုင်းလေးတွေမှာ (သူစိမ်းအိမ်တွေထဲအထိ သွားတီးပေးရတာမျိုး) လိုက်တီးနေရတာပါ။ အဲဒီလိုရုန်းကန်နေတုန်းမှာ... ကြည့်ရတာအဆင်ပြေပေမယ့် တကယ်တမ်း Toxic ဖြစ်တဲ့ သူ့ရည်းစားဟောင်းက နာမည်ကြီး ဖီးလ်ဟာမိုးနစ် (Philharmonic) ဝိုင်းမှာ နေရာရပြီး ပြန်ပေါ်လာပါတယ်။ ပြီးတော့ အစ္စဘဲလ်ကို ဘဝပြောင်းသွားစေမယ့် Audition (လူရွေးပွဲ) အခွင့်အရေးတစ်ခု ပေးခဲ့တယ်။ အဲဒီမှာတင် အချစ်ဟောင်းကိစ္စ၊ စင်ပေါ်တက်ရင် ကြောက်တဲ့စိတ်နဲ့ လူလားမြောက်စအရွယ် ကြုံရတဲ့ ဘဝအကြပ်အတည်းတွေ အကုန်လုံး ရှုပ်ထွေးကုန်တာပေါ့။ ခေါင်းဆောင်မင်းသမီး Isabel Hagen က အပြင်မှာလည်း တကယ် ဂျူလီယတ် (Juilliard) ကျောင်းဆင်း ဗီယိုလာသမားဖြစ်သလို ဟာသပညာရှင်လည်း ဖြစ်ပါတယ်။ ဒီကားကို သူကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ဒါရိုက်တာလုပ်ပြီး မင်းသမီးပါ လုပ်ထားတာပါ။ ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့ ခနဲ့တဲ့တဲ့ ဟာသလေးတွေ ပါဝင်ပါတယ်။ ဂီတသမားတွေအချင်းချင်းမှ နားလည်မယ့် အတွင်းပြက်လုံးလေးတွေပါ။ မင်းသားကြီး Dylan Baker က အစ္စဘဲလ်ရဲ့ အဖေအဖြစ် ပါဝင်ထားပြီး Eric Bogosian လည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ File Size… (1.21GB) / (530MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 18m Genre ….Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း