ဇာတ်ကားများ ရွေးရန်

Satluj aka Punjab '95

2026ဇာတ်ကား164 မိနစ်

Satluj aka Punjab '95 (2026) "၁၉၉၅ ပန်ဂျပ်" IMDb - 9.7/10 အိန္ဒိယရုပ်ရှင်တွေ ကြည့်ကြတဲ့အခါ ပန်ချာပီကားတွေဆိုရင် ပေါကားပဲ ခပ်များများဖြစ်နေတတ်တာ။ ဘောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ အာဂျေးတို့ အရှေးတို့တွေ ပန်ချာပီရုပ်ရှင်တွေရိုက်ရင်တောင် ခပ်ပေါပေါဇာတ်ရုပ်တွေနဲ့ ရုပ်ပေါက်တာကို မြင်တွေ့နေကြပဲလေ။ ဒီ ပန်ချာပီရုပ်ရှင်ကတော့ အဲဒီရုပ်ပေါက်တာတွေကနေ ဝေးလောက်တယ်။ ၉၀ပြည့်နှစ်တွေတုန်းက ပန်ဂျပ်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဘာမှမသိရဘဲ ပျောက်ဆုံးသွားတဲ့ လူတွေအကြောင်း လိုက်ပြီးစုံစမ်းခဲ့တဲ့ ဂျက်စ်ဝန့်ဆင်းဂ်ခါလ်ရာရဲ့ အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်။ ဂျက်စ်ဝန့်ဆိုတာ ပန်ဂျပ်ပြည်နယ်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ၁၉၉၀ပြည့်နှစ် ပန်ဂျပ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်ခဲ့တဲ့သူအဖြစ် လူသိများတဲ့သူ။ သာမန်ဘဏ်ဝန်ထမ်းတစ်ယောက် ဖြစ်ပေမယ့် ချေးငွေကိစ္စတွေကို ကိုင်တွယ်ရင်း အကြောင်းအရင်းမသိ လူပျောက်သွားတာတွေကို စုံစမ်းမိတဲ့အခါ...။ စုံစမ်းနေရင်းနဲ့ အစိုးရမှတ်တမ်းတွေအရ အမည်မဖော်ထားတဲ့ လူရာပေါင်းများစွာကို ရဲတပ်ဖွဲ့က သ-တ်ဖြတ်ပြီး မိသားစုကို အသိမပေးဘဲ မီးသင်္ဂြိုဟ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို သူ ဖော်ထုတ်မိတဲ့အခါ...။ ၁၉၉၀ပြည့်နှစ်တွေအတွင်း ပန်ဂျပ်မှာ လူပေါင်းရာချီ အကြောင်းမဲ့ပျောက်ဆုံးခဲ့ရတဲ့ ဖြစ်ရပ်မှန်သမိုင်းကို ပုံဖော်ရိုက်ကူးထားတာမို့ ခံစားကြည့်ရှုပါဦး။ File size… 1.3 GB / 681 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း