ဇာတ်ကားများ ရွေးရန်

Family Guy Presents: Blue Harvest

2007ဇာတ်ကားအမှတ် 8.2/1048 မိနစ်

Family Guy: Blue Harvest (2007) IMDB : 8.2 Rotten Tomatoes : 82% Genre : Comedy / Action Family Guy မှာ Special Standalone Episode ၆ ခုရှိပါတယ်။ ပြောရရင် ရုပ်ရှင် ၆ ကားပေါ့။ အဲဒီထဲမှာ Star Wars ကို Reference ယူ Parody လုပ်ထားတဲ့ Blue Harvest (2007) Something, Something, Dark Side (2009) It's a Trap! (2011) သုံးကားလည်းပါဝင်ပါတယ်။ ပြောရရင် တကယ်ကို အဆင့်အတန်းရှိတဲ့ ဟာသပါပဲ။ Seth MacFarlane က ဟာသနဲ့ပတ်သက်လာရင် ပေါက်ကရအလုပ်နိုင်ဆုံး ဆုပေးရလောက်နိုင်တဲ့ ဟာသပညာရှင်လို့ဆိုရမှာပါ။ Star Wars ကို Parody မလုပ်ခင် Adult Swim ကထုတ်တဲ့ Robot Chicken က Robot Chicken : Star Wars (2007) ကိုထုတ်ပြီးသွားပြီဖြစ်ပါတယ်။ ပြောရရင် Adult Swim ဆိုတာ Warner Bros လက်အောက်ခံ Rick and Morty တို့လိုမျိုး Series တွေကို မွေးထုတ်ပေးနေတဲ့ ဒိတ်ဒိတ်ကြဲ ကုမ္ပဏီတစ်ခု။ ပြောရရင် Robot Chicken နဲ့ Family Guy က ဘာမှကိုမဆိုင်တဲ့ Series နှစ်ခု။ Crossover တွေရှိပေမဲ့ တကယ်တမ်းတိုက်ရိုက်ပတ်သက်တာမျိုးမရှိဘူး။ ဘာကသွားပတ်သက်နေလဲဆိုတော့ Chris နေရာမှာ အသံသရုပ်ဆောင်တဲ့ Seth Green က Robot Chicken ရဲ့ Creator တစ်ယောက်ဖြစ်နေတာပါပဲ။ ဆိုတော့ ဒီ Family Guy အပိုင်းတွေမှာ Seth Green ကိုရော Robot Chicken ကို ဖဲ့တာတွေပါမှာဖြစ်ပြီး Seth Green ကလည်း Seth MacFarlane ကို ပြန်ကလော်တုတ်တာမျိုးပါမှာမလို့ စခွီအသေထရမှာ ပြောစရာကိုမလိုတော့ပါဘူး။ Blue Harvest (2007) ကတော့ Star Wars: Episode IV - A New Hope ကို Parody ရိုက်ထားတာဖြစ်ပြီး Star Wars ပရိသတ်ဟုတ်ဟုတ် မဟုတ်ဟုတ် ကြည့်ပြီး စခွီထလို့ရပါကြောင်း… ဇာတ်ညွှန်း မင်းသမီးလေး လိုင်ယာ (လိုးဝစ်စ်) ရဲ့အမိဂြိုလ်ကို ဒါ့တ်ဗိတ်ဒါ (စတူးဝီ)တို့ ဦးဆောင်တဲ့ အမှောင်တပ်ဖွဲ့စုက ဖျက်ဆီးလိုက်တဲ့အခါ လိုင်ယာက အိုဘီဝမ် ကနိုဘီ (ဟားဘတ်) ဆီကို အကူအညီလှမ်းတောင်းပါတော့တယ်။ အကူအညီတောင်းတာကို သွားပြီး သတင်းပါးရတာကတော့ ဒရိုက်နှစ်ခုဖြစ်တဲ့ စီသရီးပီအို (ကွက်ဂ်မိုင်ယာ)နဲ့ အားတူးဒီတူး (ကလိဗ်လန်း) တို့ဖြစ်ပါတယ်။ လုခ်စကိုင်းဝေါ်ကာ(ခရစ်စ်) ရဲ့ ဦးလေးနဲ့ အဒေါ်က အသတ်ခံလိုက်ရပါပြီ။ ဒီလိုနဲ့ အာတူးတို့ဟာ အိုဘီဝမ်ကို အကူအညီသွားတောင်းရင်း သူခိုး ဂျပိုး ဟန်ဆိုလို (ပီတာ) နဲ့ သူ့အဖော် ချူးဘက်ကာ (ဘရိုင်ယန်) တို့ဆီကို ရောက်သွားကာ မင်းသမီးလေး လိုင်ယာကို ကယ်တင်ပုံကို ဘက်ပေါင်းစုံကနေ ခွီရအောင် တင်ဆက်ထားပါတယ်။ ထုံးစံအတိုင်း မက်ဂ်ကတော့ မပါပါဘူးခင်ဗျာ။ ခံစားကြည့်လိုက်ကြပါ။ File size…    1 600 MB Quality… WEB-DL 1080p Format… mp4 Duration…. 1h Genre ..... Animation / Action / Comedy Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း