Would You Rather
အိုင်းရစ်ဟာ ငွေရေးကြေးရေးအခက်အခဲတွေကြားကနေ နာမကျန်းဖြစ်နေတဲ့ မောင်လေးကို တစ်ယောက်တည်း ပြုစုစောင့်ရှောက်နေရသူပါ။ မောင်လေးအတွက် ရိုးတွင်းခြင်ဆီအစားထိုးကုသဖို့ ငွေလိုနေချိန်မှာ လန်ဘရစ်ခ်ဖောင်ဒေးရှင်းက ကူညီပေးနိုင်တယ်ဆိုပြီး ညစာစားပွဲတစ်ခုကို ဖိတ်ခေါ်လာပါတယ်။ ညစာစားပွဲကို ရောက်တော့ သူ့လိုပဲ ငွေကြေးအကျပ်အတည်းကြုံနေရတဲ့ နောက်ထပ်လူခုနစ်ယောက်ကို တွေ့ရတယ်။ အဲဒီမှာ လိုအပ်တဲ့ငွေကြေးအထောက်အပံ့ကို ရဖို့ ရက်စက်တဲ့ကစားပွဲတွေကို ဆက်တိုက်ကစားရမှာဖြစ်ပြီး နောက်ဆုံး အသက်ရှင်ကျန်သူတစ်ယောက်တည်းသာ ရနိုင်မယ်ဆိုတာ သိလိုက်ရပါတယ်။ ကလေးတွေကစားကြတဲ့ ရွေးချယ်စရာနှစ်ခုထဲက တစ်ခုကိုရွေးရတဲ့ “မင်းသာဆိုရင် ဘာလုပ်မလဲ” ကစားနည်းကို ဒီမှာတော့ လူတွေကို ဘေးကျပ်နံကျပ်ရောက်အောင် ဖန်တီးတဲ့ပုံစံနဲ့ အသုံးပြုထားတယ်။ အသက်ရှင်ဖို့ ရွေးချယ်ကြရတဲ့အခါ ကိုယ်ကျင့်တရား၊ သစ္စာဖောက်မှုနဲ့ တစ်ကိုယ်ကောင်းဆန်မှုတို့ ပေါ်လာကြပါတယ်။ ဘယ်သူက ကိုယ့်သိက္ခာကို စောင့်ထိန်းပြီး အနစ်နာခံမလဲ၊ ဘယ်သူက သူတစ်ပါးကို ချနင်းမလဲ၊ နောက်ဆုံးမှာ ဘယ်သူ အသက်ရှင်ကျန်မလဲဆိုတာကို ဆက်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း