ဇာတ်ကားများ ရွေးရန်

Pet It

2026ဇာတ်ကားအမှတ် 5.2/10

ဘတ်ဂျတ်ကားကောင်းလေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...အသွင်တူမှ အိမ်သူဖြစ်တယ်ဆိုတဲ့ ဆိုရိုးစကားကြားဖူးမယ်ထင်တယ်... ဒီစကားအတိုင်း လူတွေက အကျင့်စရိုက်တူတာတွေတာမျိုးမဟုတ်တော့ဘဲ အသိုင်းအဝိုင်းတူကနေ ဘဝလက်တွဲဖော်ကို ရွေးချယ်တတ်ကြတယ်...ဒါပေမယ့် လူနှစ်ယောက်ကြားက ဖြစ်ပေါ်လာတဲ့ အချစ်ဆိုတာ အသိုင်းအဝိုင်းတွေ ဂုဏ်ဒြပ်တွေကြောင့်မဟုတ်ဘဲ... နှလုံးသားချင်း ထပ်တူကြလို့ ဖြစ်လာခဲ့တာမဟုတ်လား?ဟုတ်မဟုတ်ဆိုတာကို မြွေဖြူမလေးကပြောပြမယ့် သူ့ပိုင်ရှင်မလေးနဲ့ သူ့ပိုင်ရှင်ရဲ့ ငွေဝယ်အိမ်ဖော်ထီးလေးတို့ ဇာတ်လမ်းလေးက ဖြေပေးသွားပါလိမ့်မယ်... သူ့ပိုင်ရှင်မလေးကတော့ ငွေကလွဲရင် သူ့ဘဝမှာ အဖော်ပြုစရာ အစ်မဝမ်ဆိုတဲ့ ငယ်စဉ်တည်းက သူ့ကိုထိန်းလာတဲ့ အိမ်တော်ထိန်းမမရယ်... မြွေဖြူမလေးရယ်ပဲရှိတဲ့ သူဌေးသမီးလေး မုန့်ချီ ပေါ့... ဖူးစာလူးလာ ဒူးကာလို့မရဆိုသလိုပဲ သူ့ငွေဝယ်အိမ်ဖော်လေး ဖုန်းရွေ့နဲက ဘယ်လိုဆုံလဲဆိုရင်...သူက လမ်းလျှောက်လာတုန်း ဖုန်းရွေ့ဆိုတဲ့ ဒယ်လီသမားလေးက ဝင်တိုက်မိ ဒါနဲ့မပြီးဘူး ဖုန်းရွေ့ကောင်မလေးကိုပေးမယ့် ဆွဲကြိုးလေးက သူဌေးသမီးလေးဆီကိုပါသွား... အဲ့တာနဲ့ ကောင်မလေးမွေးနေ့မှာ လက်ဆောင်မပေးနိုင်တဲ့ ငမိုက်သားရည်းစားလုလင်ဖြစ်ခဲ့တာကြောင့် ဘူပြီး သူဌေးမလေးနောက်ကို လိုက်ရင်းနဲ့ ဆွဲကြိုးမရခင် အကောင်းစား ပြိုင်ကားကို ဒယ်လီဆိုင်ကယ်လေးနဲ့ တိုက်မိတဲ့ ကံထူးသူ မောင်ဖုန်းရွေ့ဟာ သူဌေးမလေးကို အကြွေးတင်လေတော့တာပေါ့.. ဒီလိုနဲ့ ဖုန်းရွေ့နဲ့ မြွေဖြူမလေးတို့လည်း ဆုံတွေ့ခဲ့တာပေါ့... အကြွေးဆပ်ဖို့ အလုပ်ရှာရင် မြွေထိန်းတစ်ဖြစ်လဲ အိမ်ဖော်ထီးလေး ဖြစ်ခဲ့ရတာပေါ့... ဒီလိုနဲ့ ချစ်ကြိုက်သွားမယ်တော့မထင်နဲ့ ဖုန်းရွေ့က သူ့ကောင်မလေးကို သိပ်ချစ်တာ...အဲ့လိုပဲ မုန့်ချီမှာလည်း အားလုံးနဲ့တိုက်ခိုက်ပြီး ချစ်ရတဲ့ ချစ်သူကောင်လေးရှိနေပြန်တယ်... အစကပြောသလိုပဲ ဖူးစာလူးလာ ဒူးကာလို့မရဆိုသလိုပဲ အများအမြင်မှာ လိုက်ဖက်တဲ့ သမီးရည်းစားတွေကြားက အဖုအထစ်တွေ ပိုပိုများလာလေလေ ရွှေမင်းသမီးနဲ့ အိမ်ဖော်ထီးလေးကြားက အချစ်ရေစက်လေးတွေ တစ်စက်ပြီးတစ်စက် စုစည်းပြီး အချစ်ပင်လယ်ဖြစ်လာဖို့ နီးစပ်လာလေလေပါပဲ ကြားထဲက အချိုးအကွေ့တွေနဲ့ ခံစားချက် အပြောင်းအလဲတွေကတော့ ကိုယ်တိုင်ဒေါင်းကြည့်မှ ခံစားမိနိုင်မှာမလို့ ကြည့်ဖြစ်အောင် ကြည့်လိုက်နော်... Filesize : 1.15 GB / 619 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama, Comedy, and Romance Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း