ဇာတ်ကားများ ရွေးရန်

Mapado

2005ဇာတ်ကားအမှတ် 6.2/10105 မိနစ်

Mapado (2005) ဒီတစ်ခေါက်မှာတော့ ဒါရိုက်တာ Choo Chang-min ရိုက်ကူးပြီး သရုပ်ဆောင် Lee Moon-Sik, Lee Jung-jin နဲ့ Kim Soo-mi တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ "Mapado" ဇာတ်လမ်းဟာ ၂၀၀၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တောင်ကိုရီးယားနိုင်ငံမှာ ရုံတင်ပြသခဲ့ပြီး လူကြိုက်များခဲ့တဲ့ ဟာသရုပ်ရှင်ဇာတ်ကား တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဒေါ်လာ သန်းချီတန်တဲ့ ထီပေါက်စဉ်ကို ခိုးယူထွက်ပြေးသွားတဲ့ အမျိုးသမီးနောက်ကို စုံစမ်းရင်း (Mapado) မာဖာဒို ဆိုတဲ့ ကျွန်းငယ်လေးဆီ ရောက်ရှိလာကြတဲ့ လူမိုက်တစ်ယောက်နဲ့ လာဘ်စားရဲတစ်ယောက် ကျွန်းပေါ်ရောက်ရှိလာတဲ့အခါ....အနှစ် ၂၀ လုံးလုံး ယောက်ျားတစ်ယောက်မှ မမြင်ဖူးဘဲ သီးခြားနေထိုင်နေကြတဲ့ အဘွားကြီး ၅ ယောက်နဲ့ ဆုံတွေ့လိုက်ရပြီးနောက်မှာတော့ ထီလက်မှတ် ပြန်ရဖို့အတွက် လူငယ်နှစ်ယောက်နဲ့ အဘွားကြီး ၅ ယောက်တို့ကြားက အလွဲလွဲအချော်ချော် အပြိုင်အဆိုင် သိုက်သိုက်ဝန်းဝန်း ဟာသတွေကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ အထီးကျန် ကျွန်းငယ်လေးပေါ်မှာ သောင်တင်နေတဲ့ သူတို့နှစ်ယောက်အနေနဲ့ ရူးမသွားဘဲ ကံထူးရှင်ထီလက်မှတ်ကို ပြန်ရှာတွေ့နိုင်မလား ဒါမှမဟုတ် အဘွားကြီးတွေရဲ့ လက်စွမ်းကြောင့်ပဲ ကျွန်းပေါ်မှာ ဒူးထောက်သွားရမလား ဆိုတာကို ဟာသနှောပြီး ရသစုံ ကြည့်ရှုခံစားရမှာ ဖြစ်လို့ ဟာသဇာတ်လမ်း‌ကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်နော်။ File Size - 1.8 GB/ 861 MB Quality - NF WEB-DL 1080p/ 720p Duration - 1h 49m Format - mp4 Genre - Comedy Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း