ဇာတ်ကားများ ရွေးရန်

Mapado 2: Back to the Island

2007ဇာတ်ကားအမှတ် 5.2/10129 မိနစ်

Mapado 2: Back to the Island (2007) ဒီတစ်ခါမှာတော့ တောင်ကိုရီးယားရုပ်ရှင်လောကမှာ အလွန်အောင်မြင်ခဲ့ပြီး လူအများရဲ့ ရယ်မောပျော်ရွှင်မှုကို ပေးစွမ်းနိုင်ခဲ့တဲ့ ဟာသနဲ့ ဒရာမာ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့ "Mapado 2: Back to the Island" ဆိုတဲ့ ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားက ပထမကားရဲ့ အောင်မြင်မှုကို ဆက်ခံထားတာဖြစ်ပြီး ကျွန်းပေါ်က ရူးကြောင်ကြောင်နဲ့ ချစ်စရာကောင်းတဲ့ အဘွားကြီးတွေရဲ့ ဟာသနှောတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ သံယောဇဉ်တရားတွေကို ပေါ့ပေါ့ပါးပါးရောစပ်တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ နာချောင်ဆူ(Lee Moon-sik) က ခိုင်းစေချက်အရ ဒုံဘတ်ကျွန်းမှာ ကျန်ရစ်ခဲ့တဲ့ ဂွတ်လေးဆိုတဲ့ အမျိုးသမီးကို ရှာဖို့ထွက်လာခဲ့ပါတယ်။ လမ်းခရီးမှာ မုန်တိုင်းမိပြီး သင်္ဘောပျက်သွားတာကြောင့် စာရေးဆရာဖြစ်တဲ့ ဂီယောင်း (Lee Kyu Han) နဲ့ မာဖာဒိုကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။ နာချောင်ဆူတစ်ယောက် ကျွန်းပေါ်မှာ စားစရာလိုက်ရှာရင်း အဘွားတစ်ယောက်နဲ့ တွေ့ပြီး အဘွားတွေဆီကို ပြန်ပါသွားပါတော့တယ်။ အဘွားတွေရဲ့ အနိုင်ကျင့်တာကို ခံရင်း ဒုံဘက်ကျွန်းကို သွားဖို့ကြိုးစားနေတဲ့ ချောင်ဆူတစ်ယောက် ဒုံဘက်ကျွန်းနဲ့ မာဖာဒိုကျွန်းက အတူတူပဲဆိုတာကို သိသွားပြီးတဲ့ နောက်မှာတော့ အဘွားတွေကြားထဲက ဂွတ်လေး ဖြစ်နိုင်သူကို ရှာဖွေပါတော့တယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ ဂီယောင်းကရော တကယ့်စာရေးဆရာလား....ဂွတ်လေးကိုရော ရှာတွေ့သွားနိုင်မလားဆိုတာကို ဟာသနှောရင်း စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File Size - 1.8 GB/ 866 MB Quality - NF WEB-DL 1080p/ 720p Duration - 1h 51m Format - mp4 Genre - Comedy Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း