ဇာတ်ကားများ ရွေးရန်

Cheer Up, Mr. Lee

2019ဇာတ်ကားအမှတ် 8.0/10111 မိနစ်

Cheer Up, Mr. Lee (2019) ဒီတစ်ခေါက်မှာတော့ မင်းသားကြီး Cha Seung Won , Park Hae Joon တို့ရဲ့ Comedy, Drama အမျိုးအစား ကားကောင်းတစ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ချောဆူ (Cha Seung-Won)ဟာ ခန္ဓာကိုယ် ကြံ့ခိုင်ပြီး ရုပ်ရည်ချောမောပေမဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေသူ တစ်ဦးဖြစ်ပြီး ညီဖြစ်သူ (Park Hae-Joon) တို့မိသားစုနှင့်အတူ သူတို့ စားသောက်ဆိုင်မှာ ကူညီလုပ်ကိုင်ပေးပြီး နေထိုင်ရသူပါ…။ တစ်နေ့မှာ အမျိုးသမီးကြီးတစ်ဦးက အနားက ဆေးရုံတစ်ရုံကို ရှာပေးဖို့အတွက် ချောဆူကို အကူအညီတောင်းရာကနေ ဆေးရုံမှာ ဆဲ့ဗြောဆိုတဲ့ ကလေးမလေးနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ နောက်ရက်မှာ ဆဲ့ဗြောက သူ့သူငယ်ချင်းအတွက် မွေးနေ့လက်ဆောင်အဖြစ် ဘေ့စ်ဘောကစားသမားတစ်ဦးရဲ့ လက်မှတ်ကို သွားယူဖို့ ဆေးရုံကနေ တိတ်တဆိတ် ထွက်ပြေးပြီး ဒယ်ဂူမြို့ကို ခရီးထွက်လာခဲ့ပါတယ်။ ချောဆူလည်း တိုက်တိုက်ဆိုင်ဆိုင် ဆဲ့ဗြောနဲ့အတူ အဲဒီခရီးစဉ်ကို ပါသွားတော့တာပေါ့။ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့သူနဲ့ သွေးကင်ဆာဖြစ်နေတဲ့ ကလေးတစ်ယောက် အတူထွက်သွားကြတာဆိုတော့ ဆဲ့ဗြောအဘွားနဲ့ ချောဆူရဲ့ ညီတို့ကလည်း စိတ်ပူပြီး အသည်းအသန် စရှာကြတော့တာပဲ…။ ဇာတ်လမ်းကို ဒီလိုနဲ့စတင်ထားပြီး ဒယ်ဂူမြို့ကို ထွက်ခွာခဲ့တဲ့ ခရီးစဉ်တစ်လျှောက်လုံး သူတို့ရဲ့ အလွဲလေးတွေကို ချစ်စရာ၊ သနားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်…။ File Size - 1.7 GB/ 734 MB Quality - NF WEB-DL 1080p/ 720p Duration - 1h 51m Format - mp4 Genre - Comedy, Drama, Family Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း