Skinny Tiger, Fatty Dragon
၁၉၉၀ က ထွက်ရှိခဲ့တဲ့ "Skinny Tiger, Fatty Dragon" ဟာ ကွန်ဖူးမင်းသားကြီး (Sammo Hung) နဲ့ (Karl Maka) တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဟောင်ကောင် comedy action ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ "ဝတုတ်" နဲ့ "ထိပ်ပြောင်" တို့ဟာ ဟောင်ကောင်ရဲတပ်ဖွဲ့က စရိုက်မတူတဲ့ စုံထောက်နှစ်ယောက် ပါ သူတို့နှစ်ယောက်ဟာ စရိုက်ချင်းမတူလို့ အမြဲတမ်း ရန်ဖြစ်လိုက် စနောက်လိုက်နဲ့ ညီအစ်ကိုလို တွဲဖက်တွေဖြစ်ပါတယ်။ တစ်နေ့မှာ သူတိုနှစ်ယောက်ကို ဟောင်ကောင်က အဓိက မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကြီးတစ်ခုကို စုံစမ်းဖို့တာဝန်ပေးခံရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေလုပ်ရင်း တရားခံတွေကို ဖမ်းဆီးဖို့ ကြိုးစားတဲ့အခါ သူတိုရဲ့ ထုံးစံအတိုင်း အလွဲလွဲအချော်ချော်နဲ့ မြို့ထဲမှာ ပျက်စီးဆုံးရှုးမှုတွေ အများကြီးဖြစ်အောင် လုပ်မိသွားကြပါတယ် အဲဒါနဲ့ပဲ ရာထူးဆိုင်းငံ့ ခံလိုက်ရတော့တာပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ လက်မလျှော့ဘဲနဲ့မူးယစ်ဂိုဏ်းခေါင်းဆောင် ပြည်ပကိုမထွက်ပြေးခင် ဖမ်းဆီးနိုင်ဖို့အတွက် ကြံဖန်ပြီးလျှို့ဝှက်စုံစမ်းစစ်ဆေးမှုကို ဆက်လုပ်ကြပါတယ်။ ဒီလိုနဲ့ ရန်သူတွေက သူတို့ရဲ့ မိသားစုနဲ့ ချစ်သူတွေကိုပါ ရန်ရှာလာတဲ့အတွက် နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ ဂိုဏ်းတစ်ခုလုံးကို အပြတ်ရှင်းဖို့ လက်နက်ကိုယ်စီ သိုင်းကွက်ကိုယ်စီနဲ့ ဝင်ရောက်စီးနင်းပါတော့တယ်။ မှုခင်းကြီးတစ်ခုရဲ့ နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ရင်း ရယ်စရာ အလွဲအချော်တွေ မထင်မှတ်ထားတဲ့ သစ္စာဖောက်မှုတွေ အက်ရှင်တိုက်ကွက်တွေကို အဆုံးထိ စိတ်ဝင်စားစွာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း