ဇာတ်ကားများ ရွေးရန်

The Magnificent Butcher

1979ဇာတ်ကားအမှတ် 7.2/10108 မိနစ်

"လမ်ဆိုင်ဝင်း" ကတော့ စိတ်သဘောထား ဖြူစင်ပေမဲ့ စိတ်မြန်လက်မြန် လုပ်တတ်တဲ့ ဝက်သားသည်တစ်ဦး ဖြစ်သလို နာမည်ကျော် ဆရာကြီး ဝမ်ဖေးဟုန်ရဲ့ တပည့်ရင်းလည်း ဖြစ်ပါတယ်။ တနေ့မှာ ငယ်ငယ်ကတည်းက ကွဲကွာခဲ့ရတဲ့ နယ်ကညီလေးတို့လင်မယား ဝင် းကို လာရှာရာမှ ပြိုင်ဘက် "နဂါးငါးပါးဂိုဏ်း"​ခေါင်းဆောင်ရဲ့သား "ကိုတိုင်ဟွိင်းရဲ့ အလိမ်ခံရပြီး ညီလေးရဲ့မိန်းမဖြစ်သူ "ယွီမေ"ကို ဖမ်းခေါ်သွားခဲ့ပါတယ် ဝင်းက ယွီမေကို ကယ်ဖို့ကြိုးစားရင်း ပြိုင်ဘက်ဂိုဏ်းက ကိုဘာတင်ရဲ့မွေးစားသမီးအီယန်ဆမ်ကိုပါ မှားပြီးကယ်လာခဲ့မိပါသေးတယ်။ အီယန်ဆမ်က ဝင်း အိမ်မှာ အသတ်ခံရတဲ့အခါ ဝင်းတစ်ယောက် ဘုမသိ ဘမသိနဲ့ လူသတ်သမားဖြစ်သွားခဲ့ရတာပါ ဆရာကြီး ခရီးသွားနေချိန်မှာ "ဝင်း"တစ်ယောက် ပြိုင်ဘက် "နဂါးငါးပါးဂိုဏ်း" က လူမိုက်သားအဖရဲ့ အကွက်ဆင် မာယာထောင်ချောက်ထဲ ရောက်သွားပြီး သူ မကျူးလွန်ခဲ့ရတဲ့အမှုအတွက် လူသတ်သမားအဖြစ် စွပ်စွဲခံရပါတော့တယ် ​တစ်မြိုလုံးက လိုက်လံဖမ်းဆီးလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဝင်းတစ်ယောက် အရက်ကြိုက်တဲ့ ကွန်ဖူးဆရာကြီး​ဖောက်ဆင်းနဲ့ ဆုံတွေ့ခဲ့ရာကနေ သူ အပြစ်ကင်းကြောင်း ဘယ်လိုသက်သေပြမလဲ......... ဆရာကြီး​ဖောက်ဆင်းက ကွန်ဖူးပညာတွေနဲ့ ရန်သူတွေကို ဘယ်လိုအကြိတ်အနယ် ကလဲ့စားချေ နှိမ်နင်းမလဲဆိုတာကို ကြည့်ရမှာပါ

ဇာတ်လမ်းအကြောင်း