ဇာတ်ကားများ ရွေးရန်

Avatara Purusha: Part 1

2022ဇာတ်ကားအမှတ် 5.2/10131 မိနစ်

ရမ်ဂျိုရီဟာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ အာယုဗီဒပညာကို ကျွမ်းကျင်သူတစ်ယောက်ပါ။ စိတ်ထားကောင်းပြီး ကိုယ်ကျိုးမကြည့်တတ်တာကြောင့် တစ်ရွာလုံးက လေးစားကြတယ်။ သူ့ကို ပါရမီဖြည့်ပေးတဲ့ ဇနီး ဆူရီးလာနဲ့အတူ ဉာဏ်ကောင်းသလို အဆော့လည်းသန်တဲ့ ကာနာဆိုတဲ့ သားလေးတစ်ယောက် ရှိပါတယ်။ ရယ်ရှိုဒါကတော့ ရမ်ရဲ့ အချစ်ဆုံးညီမလေးပါ။ တစ်နေ့ ရယ်ရှိုဒါဟာ သူကိုယ်ဝန်ရှိနေတဲ့ သတင်းကောင်းကို အစ်ကို့ဆီ ပြောပြဖို့ အိမ်ပြန်လာခဲ့တယ်။ အစ်ကို့အိမ်ကအပြန် ဘုရားကျောင်းပွဲတော်ကို သွားဖို့ စီစဉ်ထားတာကို သိတော့ ကာနာကလည်း လိုက်ချင်လို့ အတင်းပူဆာပါတယ်။ တူလေးစိတ်ချမ်းသာအောင် ခေါ်သွားပေးရာကနေ အဖြစ်ဆိုးတွေ ကြုံလာရပြီး သားပျောက်ရှာရတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်လာတယ်။ အာယုဗီဒပညာကို ထိန်းသိမ်းလာတဲ့ ဒီမိသားစုဟာ ထရီရှန်ကူဆိုတဲ့ ရတနာတစ်ပါးကိုလည်း စောင့်ရှောက်ရတဲ့ မျိုးနွယ်စု ဖြစ်နေပါတယ်။ ကာနာကို လိုက်ရှာကြတဲ့အကြောင်းက မှော်ပညာတွေနဲ့ ဘယ်လိုဆက်စပ်လာမလဲဆိုတာကို ကန်နာဒါစကားပြော ဒီဇာတ်ကားမှာ ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း