ဇာတ်ကားများ ရွေးရန်

Check Out Sekarang, Pay Later (Caper)

2026ဇာတ်ကားအမှတ် 6.5/1093 မိနစ်

Check Out Sekarang, Pay Later (Caper) (2026) IMDb Rating (6.3) တီနာဟာ စျေးဝယ်ရတာစွဲလန်းသူ Shopaholic တစ်ဦးဖြစ်ပြီး သူ့အလှဟာ တစ်နေ့မှာ ငွေရှာနိုင်လိမ့်မယ်လို့ယူဆထားတဲ့အတွက် လှဖို့အတွက်ဆိုရင် နောက်မတွန့်စတမ်း သုံးလေ့ဖြုန်းလေ့ရှိတဲ့အတွက် စုဆောင်းငွေတွေကုန်သွားတဲ့နောက် Emergency Cash ဆိုတဲ့တရားမဝင် app တစ်ခုကနေ ငွေချေးခဲ့မိပါတယ်။ အဲ့ဒီနောက်မှတော့ ထုံးစံအတိုင်းကြွေးတောင်းသူတွေသူ့နောက်ကိုလိုက်လာပြီး နည်းလမ်းမရှိတဲ့အဆုံး အဲ့ဒီကုမ္ပဏီမှာအလုပ်ဝင်ခဲ့ရပါတော့တယ်။ သူကိုယ်တိုင်ထဲထဲဝင်ဝင်ဒီလောကထဲရောက်သွားချိန်မှာတော့ ဒီကျားဖြန့်ဂိုဏ်းရဲ့သားကောင်ဖြစ်ခဲ့တဲ့ မေးလ်ဆိုတဲ့ လူငယ်တစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးနောက်မှာတော့ အရင်လူဟောင်းတွေနဲ့အတူ ဒီဂိုဏ်းရဲ့နောက်ကွယ်က ကြိုးကိုင်နေတဲ့ လက်မည်းကြီးတွေကို ပူးပေါင်းဖော်ထုတ်ဖို့ကြံစည်ပါတော့တယ်။ အရင်ဝယ် နောက်မှ ရှင်း ဆိုရင် ဆင်တောင်အကြွေးနဲ့ဝယ်ချင်ကြတဲ့ စားသုံးသူယဉ်ကျေးမှုနဲ့အွန်လိုင်းငွေချေးကျားဖြန့်ရဲ့အမှောင်ဘက်ခြမ်းကို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့သရော်ထားတဲ့ဟာသ ကားကောင်းတစ်ကားပါ။ လုပ်ယူထားတဲ့ပေါတောတောဟာသတွေ၊ ရုပ်ရှင်ဆန်ဆန်ဇာတ်ကွက်တွေမပါဝင်တဲ့ တကယ့်ကိုသဘာ၀ကျကျချဉ်းကပ်ပြထားတဲ့ ကားကောင်း တစ်ကားဖြစ်ပါတယ်။ File size… (1.3 GB) / (840 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:33:06 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း