ဇာတ်ကားများ ရွေးရန်

The Quiz Show Scandal

2010ဇာတ်ကားအမှတ် 6.8/10121 မိနစ်

The Quiz Show Scandal (2010) ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် ဥာဏ်စမ်းပဟေဠိတွေဖြေရင်း ကြည့်ရှုရမဲ့ ဇာတ်လမ်း ခပ်ဆန်းဆန်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့ကတော့ ဝါရင့်သရုပ်ဆောင်ကြီးများ ဖြစ်ကြတဲ့ "Moving" မှ Ryu Seung-Ryong ၊ "The East Palace" မှ မယ်တော်ကြီး Jang Young-Nam ၊ Kim Won-Hae ၊ Han Jae-Suk ၊ Lee Hae-Yeong တို့အပြင် ပရိသတ်ကြီးတို့နဲ့ မစိမ်းတဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ညအချိန်မှာ အဝေးပြေးလမ်းမကြီးပေါ်မှာ ဂန်းစတား ၂ ယောက်, ရန်ဖြစ်နေတဲ့ လင်မယား ၂ ယောက် , ဆေးရုံက ပြန်လာတဲ့ သားအဖ ၂ ယောက်နဲ့ စိတ်ကျရောဂါရှိသူတွေကို အားပေးတဲ့အဖွဲ့ရဲ့ အဖွဲ့ဝင် ၃ ယောက်တို့ကိုယ်စီ မောင်းနှင်လာတဲ့ကား ၄ စီးက အမျိုးသမီး တစ်ယောက်ကို တိုက်မိသွားပြီးနောက် ကားဆင့်တိုက်မှုပါ ဖြစ်သွားတဲ့အတွက် ရဲစခန်းကို ထွက်ဆိုချက်ပေးဖို့ ရောက်သွားခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ ရဲစခန်းမှာ သူ့အပြစ် ငါ့အပြစ် ပုံချကြရင်း မတော်တဆမှုကြောင့် အသက်ဆုံးရှုံးသွားတဲ့ နစ်နာသူကို ကိုယ်ရေး အချက်အလက်အတည်ပြုဖို့ လုပ်ရာကနေ .. အနိုင်ရသူ မရှိသေးတဲ့ နာမည်ကြီး ဥာဏ်စမ်းရှိုးက နောက်ဆုံး မေးခွန်းရဲ့ အဖြေတွေကို တွေ့သွားပါတော့တယ်။ သူတို့ ၄ ဖွဲ့အပါအဝင် ရဲစခန်းကိုရောက်နေတဲ့ ဒယ်လီသမားတွေနဲ့ ရဲတွေကပါ ဆုကြေးငွေ ၁၃.၅ ဘီလီယံဝမ်ကို အရယူဖို့ ဥာဏ်စမ်းအစီအစဥ်မှာ ဝင်ပြိုင်ကြတဲ့အခါမှာတော့ ...... သူတို့တွေထဲ ဘယ်သူကများ အနိုင်ရသူ ဖြစ်သွားမလဲ .... အနိုင်သူ မပေါ်သေးတဲ့ ဥာဏ်စမ်းအစီအစဥ်ရဲ့ နောက်ကွယ်မှာရော ဘယ်လိုအကြောင်းတွေ ရှိနေမလဲဆိုတာကို ရယ်မောရင်း စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ ကြည့်ရှုခံစားပေးပါဦးနော်။ File size…1.78GB / 860MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 1 min. Genre ….. Mystery, Comedy , Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း