ဇာတ်ကားများ ရွေးရန်

Bread of Happiness

2012ဇာတ်ကားအမှတ် 7.7/10114 မိနစ်

Bread of Happiness (2012) မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ ရုန်းထွက်ပြီးတော့ ဟော့ကိုင်းဒိုမြို့လေးက ဆူကီအူရာဆိုတဲ့ အေးချမ်းလှတဲ့ ရေကန်လေးဘေးက ကျေးလက်ဒေသလေးမှာ ကော်ဖီဆိုင်နဲ့ တည်းခိုခန်းကို တွဲဖွင့်ထားတဲ့ ဇနီးမောင်နှံအကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ Healing Drama အမျိုးအစားဖြစ်ပါတယ်။ မြို့ပြရဲ့လူနေမှုဘဝကို စိတ်ကုန်ပြီးတော့ အေးချမ်းမှုကို ရှာဖွေချင်တဲ့ ဇနီးမောင်နှံနှစ်ဦးဖြစ်တဲ့ ရီအဲနဲ့ မီဇူရှီမာတို့ ဇနီးမောင်နှံနှစ်ယောက်ဟာ ဟော့ကိုင်းဒိုရဲ့ တောရွာလေးမှာ "မာနီ ကော်ဖီဆိုင်" ဆိုပြီးတော့ ဖွင့်လှစ်ခဲ့ကြပါတယ်။ ခင်ပွန်းဖြစ်သူ မီဇူရှီမာဟာ နေ့စဉ်မွှေးကြိုင်ပြီး အရသာရှိတဲ့ ပေါင်မုန့်တွေကို ကိုယ်တိုင်ဖုတ်ပြီး ဇနီးဖြစ်သူ ရီအဲကတော့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ပူပူနွေးနွေး စွပ်ပြုတ်လေးတွေကို ပြင်ဆင်ချက်ပြုတ်ပေးတတ်ပါတယ်။ ဒီလိုနဲ့ သူတို့ဆိုင်လေးကို ရာသီဥတုအလိုက် စိတ်ဒဏ်ရာကိုယ်စီ၊ သောကကိုယ်စီနဲ့ ဧည့်သည်တွေ ရောက်ရှိလို့လာခဲ့ပါတယ်။ "မာနီ ကော်ဖီဆိုင်"လေးကို ရောက်ရှိလာတဲ့ စိတ်ဒဏ်ရာတွေနဲ့ ဧည့်သည်တွေကို ရီအဲတို့ ဇနီးမောင်နှံနှစ်ယောက် ဘယ်လိုနွေးထွေးမှုတွေ ပေးသွားမလဲ ....... သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြေဖျောက်ပေးသွားမလဲ .... ဆိုတာကို နွေးထွေးတဲ့ခံစားချက်အပြည့် healing vibe အပြည့်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…1.83GB / 837MB Quality… BluRay 1080p/ 720p Format…mp4 Duration….1 hr. 54 min. Genre ….. Food, Life, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း