ဇာတ်ကားများ ရွေးရန်

De Tatta's 3

2025ဇာတ်ကားအမှတ် 6.2/1088 မိနစ်

De Tatta's 3 (2025) ဒီတစ်ခါမှာတော့ ဒါရိုက်တာ Jamel Aattache ရိုက်ကူးပြီး Golden Film award ရထားတဲ့ Dutch ဟာသဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ van Kampen မိသားစုက သူတို့အိမ်ပြုပြင်မွမ်းမံရေးကြောင့် အိမ်ကနေ ခဏတာ အနှင်ထုတ်ခံလိုက်ရတယ်။ အဲဒါကြောင့် သူတို့မိသားစုတွေ အသစ်အဆန်းဖြစ်တဲ့ ဂျာမန်ရပ်ကွက်မှာ ပထမဆုံးအတွေ့အကြုံအနေနဲ့ ရွှေ့ပြောင်းနေထိုင်လိုက်ရပါတယ်။ ခင်ပွန်းဖြစ်သူ Erik က အားလပ်ရက်အပန်းဖြေဖို့ ခရီးသွားအေဂျင်စီဆီကနေ ဈေးချိုချိုနဲ့ လက်မှတ်ရဖို့ သွားဝယ်တယ်။ ဒါပေမဲ့ လူလိမ်ဆိုင်ပိုင်ရှင်ရဲ့ ဂျင်းတွေကိုသိသွားပြီး အဘွားကြီးတစ်ယောက်ကို ဂွင်ဖန်ဖို့ ကြိုးစားနေတာကို ကြားဝင်ကယ်ရင်း ပြဿနာဖြစ်တော့ သူ့ခမျာ အကြွေးတွေတင်သွားရှာပါတယ်။ ဒါကြောင့် အကြွေးတွေကို ပြန်ဆပ်ဖို့ အကျင့်ယုတ်ဆိုင်ပိုင်ရှင်ရဲ့ လက်အောက်မှာ အကြွေးကြေတဲ့အထိ အလုပ်လုပ်ဖို့ ဝဋ်ကြွေးပါလာလေရော။ ဒီလိုနဲ့ Erik ခမျာ သူ့မိသားစုကို အားလပ်ရက်ခရီး ထွက်စေရမယ်လို ကတိပေးပြီး အကြွေးကြေအောင် အလုပ်လုပ်ပေမဲ့ အကျင့်ယုတ်ဆိုင်ပိုင်ရှင်က သူ့ရဲ့အကြွေးဆပ် အလုပ်သက်တမ်းကို ရှည်သထက်ရှည်အောင် အပြစ်အမျိုးမျိုးပုံချတော့ van Kampen မိသားစုတွေ အဲဒီကနေလွတ်မြောက်အောင် ဘယ်လိုအလွဲတွေနဲ့ ဝိုင်းကြိုးစားမလဲဆိုတာကို ဒီဟာသကားထဲမှာ ရယ်စရာအပြည့်နဲ့ ကြည့်ရှုလိုရပါတယ်။ File size… (1.9 GB) / (970 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:30:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း