ဇာတ်ကားများ ရွေးရန်

Family Guy Presents: Something, Something, Something, Dark Side

2009ဇာတ်ကားအမှတ် 7.7/1054 မိနစ်

Family Guy : Something, Something, Something, Dark Side (2009) (Only On Bioscope) IMDB : 7.7 Rotten Tomatoes : 76% Genre : Animation / Comedy / Action Family Guy ရဲ့ ၂၀၀၉ ခုနှစ်ထွက် Something, Something, Something, Dark Side ကတော့ Family Guy ရဲ့ Stars Wars Parody Special Standalone ရုပ်ရှင် ၆ ကားရဲ့ ဒုတိယမြောက် ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ပြောရရင် ပထမ Blue Harvest အောင်မြင်ခဲ့တာကြောင့် ဒီရုပ်ရှင်ဆက်ထွက်ခဲ့တာဖြစ်ပါတယ်။ ဒီအပိုင်းမှာလည်း Robot Chicken နဲ့ Family Guy တစ်နည်းပြောရရင် Seth MacFarlane နဲ့ Seth Green နောက်ထပ်ပြောရရင် Peter နဲ့ Chris တို့ရဲ့ အားပြိုင်မှုလေးတွေကိုလည်း မြင်ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ Star Wars: The Empire Strikes Back ကို Parody လုပ်ထားတာဖြစ်ပြီး Star Wars ပရိသတ်မဟုတ်လည်း ကြည့်ရှုခံစားလို့ရမှာဖြစ်ပါတယ်။ ဂျေဒိုင်းနေရာမှာ တစ်မိသားစုလုံးမှာ အတုံးဆုံး ခရစ်စ်က သရုပ်ဆောင်ထားပြီး ဟန်ဆိုလိုနေရာမှာ မဟန်တဲ့ပီတာက မျက်ခွက်ဝင်ပြောင်ထားပါတယ်။ ယိုဒါကလည်း စိတ်ဓာတ်ပဲကျနေတာလား ဆေးပဲပြဲနေတာလားလို့ ထင်ရလောက်အောင် ကပေါက်တိကပေါက်ချာလေးပါ။ အညွှန်းကတော့ Star Wars: The Empire Strikes Back အတိုင်းပဲမလို့ အထွေအထူးပြောစရာမလိုတော့ပါဘူး။ ပိတ်ရက်လေးမှာ ခံစားကြည့်ကြပါ။ “ဟေ့ကောင်ရေ ငါကြိုက်တဲ့ကားကို ဒီကောင်တွေ ဘာလုပ်လိုက်တာလဲ” ဆိုပြီး စခွီထရမှာဖြစ်လို့ ကြည့်သင့်ပါကြောင်း… File size…    600 MB Quality… WEB-DL 1080pFormat… mp4 Duration…. 50 m Genre ..... Animation / Comedy / Action Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း