ဇာတ်ကားများ ရွေးရန်

Nightsiren (aka) Svetlonoc

2022ဇာတ်ကားအမှတ် 5.5/10110 မိနစ်

Nightsiren (2022) IMDb Rating (6.0) / Rotten Tomatoes (100%) ကလေးဘ၀တုန်းက နှိပ်စက်တတ်တဲ့မိခင်ဆီက ထွက်ပြေးရင်း ညီမဖြစ်သူကို မတော်တဆချောက်ထဲ တွန်းချမိခဲ့တဲ့ ရှာလော့တာဟာ အတိတ်ဆိုးတွေကြောင့် မွေးရပ်မြေတောင်ပေါ်ရွာလေးကို ကျောခိုင်းခဲ့ပါတယ်။ နှစ်အတော်ကြာပြီးနောက် မိခင်ရဲ့အမွေကိစ္စအတွက် ရွာပြန်လာချိန်မှာတော့ ရှေးရိုးစွဲရွာသားတွေက သံသယမျက်လုံးတွေ၊ စုန်းမလို့စွပ်စွဲလိုမှုတွေနဲ့စောင့်ကြိုနေတာကိုကြုံရပါတော့တယ်။ အဲ့ဒီလူတွေထဲမှာမှ မီရာဆိုတဲ့ ရွာခံကောင်မလေးနဲ့သူငယ်ချင်းဖြစ်သွားပြီး ရွာရဲ့ဆန်းကြယ်တဲ့လျှို့ဝှက်ချက်တွေကို အတူတူ ဖော်ထုတ်ဖို့ကြိုးစားကြပါတယ်။ ဒါပေမယ့် ရွာထဲမှာ ထူးဆန်းတဲ့အမှုအခင်းတွေ လူသေမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အခါ ရွာသားတွေက အယူအဆဟောင်းတွေနဲ့ သူတို့နှစ်ယောက်ကို ညှင်းပန်းနှိပ်စက် အမဲလိုက်ဖို့ကြိုးစားလာချိန်မှာတော့..။ အရှေ့ဥရောပရဲ့ ရှေးရိုးစွဲ တောရွာဓလေ့တွေ၊ အမျိုးသမီးတွေအပေါ်ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ စုန်းအယူတွေကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ Visual တွေအရမ်းလှသလို ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အလွယ်တကူစီးမျောနိုင်မယ့် Psychological Horror ဇာတ်ကားကောင်းတစ်ကားပါ။ Locarno ရုပ်ရှင်ပွဲတော်တွင် ရွှေကျားသစ်ဆု ဆွတ်ခူးထားပါသေးတယ်။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (1.5 GB) / (0.98 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Horror,Mystery Duration…. 01:50:36 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း