Waltz with Bashir
၁၉၈၂ ခုနှစ် ဇွန်လမှာ အစ္စရေးက လက်ဘနွန်နိုင်ငံကို ကျူးကျော်စစ်စတင်ခဲ့တဲ့အကြောင်းကို ပြန်လည်ဖော်ထုတ်ထားတဲ့ ဖြစ်ရပ်မှန်နောက်ခံ အန်နီမေးရှင်းဇာတ်ကားပါ။ အဲဒီစစ်ပွဲမှာ အစ္စရေးဘက်ကနေ တိုက်ခိုက်ခဲ့ဖူးတဲ့ Ari Floman ဟာ အခု ရုပ်ရှင်ဒါရိုက်တာတစ်ယောက် ဖြစ်နေပြီဖြစ်ပေမယ့် စစ်ပွဲနဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေကို မမှတ်မိနိုင်ဖြစ်နေတယ်။ တစ်နေ့ သူငယ်ချင်းဘော့ဇ်က သူမက်တဲ့အိပ်မက်အကြောင်း ပြောပြတဲ့အခါ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က စစ်ပွဲအကြောင်းတွေကို ရေးရေးပြန်မြင်လာပါတယ်။ အဲဒီတုန်းက သူဘာတွေလုပ်ခဲ့သလဲ၊ ဘယ်နေရာတွေရောက်ခဲ့သလဲဆိုတာ သိချင်လာတဲ့အတွက် မိတ်ဆွေတွေဆီ လိုက်မေးရင်း ပျောက်နေတဲ့မှတ်ဉာဏ်တွေကို ပြန်ရှာဖွေတယ်။ ဒီလိုပြန်လည်ရှာဖွေမှုကနေ စစ်ပွဲအတွင်း လက်ဘနွန်ဒုက္ခသည်စခန်းတွေမှာ ဖြစ်ပွားခဲ့ပြီး စီရင်ချက်မချမှတ်နိုင်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုလည်း ဖော်ထုတ်ထားပါတယ်။
ဇာတ်လမ်းအကြောင်း