ဇာတ်ကားများ ရွေးရန်

Kaka Jamm Peya

2026ဇာတ်ကား105 မိနစ်

Kaka Jamm Peya (2026) အများနဲ့မသက်ဆိုင်သောသူ မွေးကတည်းက သူ့ကိုထိမိကိုင်မိတဲ့လူတိုင်းကို ကံမကောင်း‌ဖြစ်‌စေတတ်တဲ့ ကာကာ ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။ သူ့ကိုမွေးပေးတဲ့ ဆရာမကအတက်ရောဂါဖောက်သွားတယ်၊ သူ့အမေက သူ့ကိုမွေးပြီးပြီးချင်းဆုံးသွားတယ်၊ သူ့အဖေက သူ့ကိုချစ်လွန်းလို့ချီလိုက်တာ ခါးရိုးကျိုးတယ် အဲဒီလောက်ကိုဆိုးတာပါ။ မွေးဖွားလာကတည်းက ကံဆိုးသူအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ကာကာဟာ ရာသီဥတုဖောက်ပြန်တာကအစ လူတွေအသည်းကွဲတာအထိ ကိစ္စအဝဝအတွက် အပြစ်ပုံချခံရတဲ့ ရွာရဲ့ ဓားစာခံ တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ရသူပါ။ နိမိတ်မကောင်းတဲ့ ကာကာတစ်ယောက်တစ်နေ့မှာ ထီပေါက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့အပေါ်ထားတဲ့ ရွာသားအားလုံးရဲ့ အပြုအမူတွေက ရုတ်ချည်း ပြောင်းလဲသွားခဲ့တာပေါ့။ သူ ရုတ်တရက် ထီပေါက်သွားတဲ့အခါမှာတော့ တစ်ချိန်က သူ့ကို လှောင်ပြောင်ခဲ့ကြတဲ့ ရွာသားတွေဟာ ညတွင်းချင်းတင် သူ့ရဲ့ အမာခံပရိသတ်တွေ ဖြစ်လာကြပါတော့တယ်။ စိတ်ထဲမှာ အကြံအစည်တစ်ခုရှိနေတဲ့ ကာကာဟာ နောက်ဆုံးမှာတော့ အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့ အခွင့်အရေး ရသွားခဲ့ပြီပေါ့။ အဲဒီနောက်မှာတော့ ကံတရား၊ ဟန်ဆောင်မှုတွေနဲ့ ချိုမြိန်တဲ့ ကလဲ့စားချေမှုတို့အကြောင်း ပေါ့ပေါ့ပါးပါး ဟာသဇာတ်လမ်းတစ်ပုဒ် ထွက်ပေါ်လာပါတော့တယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းရဲ့ နောက်ကွယ်မှာတော့ ကာကာတစ်ယောက်တည်းသာ သိတဲ့ လျှို့ဝှက်ချက် အလှည့်အပြောင်းက ဘာဖြစ်မလဲဆိုတာ.....။ File size… 1.99 GB / 1.08 GB Quality…1080p HEVC/ 720p Format…mkv/ mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း