ဇာတ်ကားများ ရွေးရန်

The Taming of the Shrewd

2022ဇာတ်ကားအမှတ် 5.3/10112 မိနစ်

သိပ္ပံပညာရှင် ကတ်စ်ကာဟာ ရည်းစားရဲ့သစ္စာဖောက်မှုကြောင့် အသည်းကွဲပြီး ချီကာဂိုကနေ မွေးရပ်မြေ ပိုလန်ကို ပြန်လာခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့လည်း အစ်ကိုဖြစ်သူ ရန်ဒရုရှ်နဲ့ မြေကိစ္စမှာ သဘောထားမတူကြပြန်ဘူး။ ရန်ဒရုရှ်က မောင်နှမနှစ်ယောက်ပိုင်တဲ့ မိဘပိုင်မြေကို ရောင်းချင်ပေမယ့် ကတ်စ်ကာက လက်မခံတဲ့အတွက် ညီမကို အိမ်ထောင်ချပေးဖို့ ကြံစည်လာပါတယ်။ ကတ်စ်ကာကတော့ ပိုလန်မှာ ဘဝသစ်စဖို့ ကြိုးစားရင်း ဆွဲဆောင်မှုရှိတဲ့ လူငယ်တစ်ယောက်နဲ့ တွေ့ဆုံမိတယ်။ အဲဒီတွေ့ဆုံမှုကနေ အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပေမယ့် ဒီလူငယ်က သူမအနားကို ဘယ်လိုပုံစံနဲ့ ရောက်လာတာလဲ။ ကတ်စ်ကာကရော ပိုလန်မှာပဲ အခြေချဖြစ်မလားဆိုတာကို ဟာသနှောပြီး ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း