ဇာတ်ကားများ ရွေးရန်

The Breadwinner

2026ဇာတ်ကားအမှတ် 6.4/10100 မိနစ်

The Breadwinner (2026) +++++++++++++++++ ဒီဇာတ်ကားကတော့ မိသားစုကို အဓိကထားပြီး ရိုက်ကူးထားတဲ့ Comedy ဇာတ်လမ်းကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ သမီးလေး ၃ယောက်ကို ထိန်းကျောင်းရာမှာ အရမ်းတော်လွန်းပြီး နည်းစနစ်ကျလွန်းတဲ့ အိမ်ရှင်မ အမေတစ်ယောက် စီးပွားရေးလုပ်ငန်းတစ်ခုကို စလိုက်ရာကနေ အောင်မြင်မှုတွေရသွားတော့ အိမ်ထောင်ဦးစီးဖခင်ဖြစ်သူက အလုပ်ကနေ နားပြီး ကလေးသုံးယောက်ရဲ့ အုပ်ထိန်းသူနေရာ, အိမ်မှုကိစ္စတွေလုပ်ဖို့ အိမ်ရှင်ထီးနေရာကို အစားထိုးဝင်ယူလိုက်ရပါတယ်။ အရင်က အိမ်မှုကိစ္စတွေကို သိပ်မလုပ်ဖူးတဲ့ ဖခင်တစ်ယောက်အတွက် ဈေးဝယ်ထွက်တာ၊ အိမ်သန့်ရှင်းရေးလုပ်တာနဲ့ သမီးလေးတွေကို ကျောင်းပို့တာကအစ အကုန်အကျပ်ရိုက်သွားတဲ့အခါ နေ့စဉ်ဘဝမှာ ဘယ်လိုရယ်စရာ အလွဲလေးတွေဖြစ်လာမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာပါ။ အိမ်မှာ ကျန်ခဲ့ကြတဲ့ သားအဖ ၃ယောက်တို့ကြားက အပြန်အလှန် နားလည်မှုတွေ၊ အိမ်တွင်းရေး ဇာတ်လမ်းလေးတွေကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ရှုရမှာမို့ မိသားစုလိုက် အတူတူကြည့်ဖို့ အရမ်းကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ အိမ်ရှင်ထီးအဖေတစ်ယောက်အနေနဲ့ ဘယ်လို ဟာသအလွဲတွေကြုံလာရမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size… (1.65GB) / (881MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 39m Genre ….Comedy , Family Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း