ဇာတ်ကားများ ရွေးရန်

My Dear Bootham

2022ဇာတ်ကားအမှတ် 6.0/10124 မိနစ်

ရှေးအခါက ဝိညာဉ်လောကရဲ့ဘုရင်တစ်ပါးဟာ သားလေးနဲ့အတူ သူတော်စင်တွေနေတဲ့ မာကရလောကကို အလည်သွားခဲ့ပါတယ်။ အဲဒီမှာ သားဖြစ်သူက တရားကျင့်နေတဲ့ သူတော်စင်တစ်ပါးကို နှောင့်ယှက်မိလို့ ကျိန်စာတိုက်ခံရတဲ့အခါ ဘုရင်ကြီးက သားအစား ဝင်ခံလိုက်တယ်။ ကျိန်စာကြောင့် ရုပ်ထုအဖြစ် ပြောင်းသွားတဲ့သူ့ကို လွတ်မြောက်အောင် လုပ်ပေးနိုင်သူက ရုပ်ထုပေါ်ကစာတွေကို ဖတ်နိုင်တဲ့သူပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၃၀၀၀ ကြာတဲ့နောက်မှာတော့ သီရူနာဆိုတဲ့ စကားထစ်တဲ့ကလေးတစ်ယောက်နဲ့ ဇာတ်လမ်းဆက်လာတယ်။ သီရူနာဟာ ကျောင်းမှာ ကလေးတွေရဲ့ လှောင်ပြောင်မှုကို ခံရသလို ဆရာမတွေနဲ့ ပတ်ဝန်းကျင်ကလူတွေရဲ့ မနှစ်မြို့မှုကိုလည်း ကြုံနေရသူပါ။ သူလိုချင်တာက တခြားကလေးတွေလို စကားပြောပြီး ရယ်ရယ်မောမော နေနိုင်ဖို့ပဲ။ ဒီကလေးလေးက ဝိညာဉ်လောကဘုရင်ကြီးရဲ့ ကျိန်စာကို ပယ်ဖျက်ပေးဖို့ အကြောင်းဖန်လာတဲ့အခါ သူတို့နှစ်ယောက် ဘာတွေကြုံရမလဲ။ ဟာသနှောထားတဲ့ ဇာတ်လမ်းထဲမှာ အားနည်းချက်ရှိသူတွေကို နှိမ်ချလှောင်ပြောင်တတ်တဲ့ ပတ်ဝန်းကျင်အကြောင်းကိုလည်း ထည့်သွင်းပြထားပါတယ်။

ဇာတ်လမ်းအကြောင်း