My Mother's Wedding
My Mother's Wedding (2025) ဟောလိဝုဒ်ရဲ့ ထိပ်တန်း မင်းသမီး Scarlett Johansson နဲ့အတူ Sienna Miller၊ Emily Beecham တို့က ညီအစ်မ ၃ ဦးအဖြစ် အပြိုင်အဆိုင် သရုပ်ဆောင်ထားတဲ့ ဗြိတိန် Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ် ဇာတ်လမ်းကတော့ ရေတပ်ကပ္ပတိန် ကတ်သရင်း (Scarlett Johansson)၊ ဟောလိဝုဒ် မင်းသမီး ဗစ်တိုရီးယား (Sienna Miller) နဲ့ သူနာပြုမလေး ဂျော်ဂျီနာ (Emily Beecham) ဆိုတဲ့ ညီအစ်မ သုံးဦးအကြောင်းကနေ စတင်ထားတာပါ။ သူတို့ ညီအစ်မ သုံးဦးဟာ ခင်ပွန်း နှစ်ဦး မတော်တဆမှုတွေနဲ့ သေဆုံးခဲ့လို့ မုဆိုးမ နှစ်ကြိမ် ဖြစ်ခဲ့ရတဲ့ မိခင်ဖြစ်သူ ဒိုင်ယာနာ (Kristin Scott Thomas) ရဲ့ တတိယမြောက် မင်္ဂလာပွဲကျင်းပဖို့အတွက် မိခင်အိမ်ဆီ ပြန်လည်စုစည်းမိကြပါတယ်။ မင်္ဂလာပွဲ ပြင်ဆင်ရင်းနဲ့ပဲ... မတူညီတဲ့ စရိုက်တွေ၊ မပြေလည်သေးတဲ့ အတိတ်က နာကျင်မှုတွေနဲ့ မိသားစုကြားက လျှို့ဝှက်ချက်တွေ ပြန်လည် ပေါ်ထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ မထင်မှတ်ထားတဲ့ မင်္ဂလာဧည့်သည်တွေရဲ့ ကူညီမှုနဲ့အတူ... ညီအစ်မ သုံးဦးနဲ့ မိခင်ဖြစ်သူတို့ဟာ အတိတ်က စိတ်ဒဏ်ရာတွေကို ပြန်လည်ရင်ဆိုင်ရင်း အနာဂတ်အတွက် ပြန်လည်ကုစားကြရပုံကို ကြည့်ရမယ့်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း