ဇာတ်ကားများ ရွေးရန်

Kill Trip

2026ဇာတ်ကားအမှတ် 5.5/10

Kill Trip (2026) +++++++++ Texas က ဂီတပွဲတော်တစ်ခုကို ပျော်ပျော်ပါးပါး သွားဖို့ ပြင်ဆင်နေတဲ့ မိန်းကလေးသူငယ်ချင်းတစ်စု လမ်းမှာ ကားပျက်သွားလို့ ကားကြုံလိုက်ဖို့ ဖြစ်လာရာကနေ သူတို့ရဲ့ ပျော်စရာ ခရီးစဉ်ကြီးဟာ ငရဲခန်းတစ်ခုလို ပြောင်းလဲသွားပါတော့တယ်။ စကားပြောကောင်းပြီး ပေါင်းသင်းရလွယ်ပုံပေါ်တဲ့ ဗန်ကားမောင်းသမားနောက်ကို လိုက်သွားမိရာကနေ လူသူဝေးတဲ့ ဟိုတယ်အိုကြီးတစ်ခုဆီ ရောက်သွားခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် သဲလွန်စမရှိ ပျောက်ဆုံးသွားတဲ့အခါမှာတော့ ကားမောင်းသမားရဲ့ နောက်ကွယ်က ကြောက်စရာ အမှောင်ဖုံးနေတဲ့ လျှို့ဝှက်ချက်တွေကို စတင်သိရှိလာရပါတော့တယ်။ လွတ်မြောက်ဖို့ လမ်းစမရှိတဲ့ နေရာမှာ ကွယ်ဝှက်နေတဲ့ လူသတ်သမားလက်ကနေ မနက်မိုးမလင်းခင်အထိ အသက်ရှင်ကျန်ရစ်အောင် ဘယ်လိုရုန်းကန်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။ Samaire Armstrong နဲ့ Corin Nemec တို့လို သရုပ်ဆောင်တွေ ပါဝင်ထားပြီး မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ ခြောက်ခြားစရာ အငွေ့အသက်တွေကို ခံစားရမယ့် Independent Horror Thriller ကားကောင်းလေးမို့ သွေးပျက်ခြောက်ခြားဖွယ် ဇာတ်ကားမျိုး ကြိုက်တတ်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားအဖြစ် ညွှန်းပေးလိုက်ချင်ပါတယ်။ File Size… (1.54GB) / (942MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 45m Genre ….Horror , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း