ဇာတ်ကားများ ရွေးရန်

The Devil

2025ဇာတ်ကားအမှတ် 1.0/10167 မိနစ်4K

The Devil (2025) မိစ္ဆာ မင်းသားကြီး Darshan ရဲ့နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပြီး ရုံတင်၀င်ငွေ ရူပီးသန်း ၄၃၀ အထိရရှိထားတဲ့ ကန်နာဒါ ဘာသာစကားသုံး နိုင်ငံရေး အက်ရှင် သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအစမှာ ကာနာတာကာပြည်နယ်ရဲ့ ဝန်ကြီးချုပ် ရာဂျာရှေကာ ဟာ သူ့ရဲ့တူတော်မောင်တွေရဲ့ နိုင်ငံရေးနောက်ကွယ်က ထောင်ချောက်ဆင်မှုကြောင့် အဂတိလိုက်စားမှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ သူ့ရဲ့နိုင်ငံရေးအာဏာကို လက်မလွှတ်ချင်တဲ့ ဝန်ကြီးချုပ်ဟာ ယုံကြည်ရတဲ့ အကြံပေးအရာရှိကို လန်ဒန်မှာရှိတဲ့ သူ့ရဲ့သားဖြစ်သူ ဒါနုရှ် ကို ပြည်နယ်ဝန်ကြီးချုပ်အသစ်အဖြစ် တင်မြှောက်ဖို့ ပြန်ခေါ်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့ ပြဿနာက ဒါနုရှ် ဆိုတဲ့လူငယ်ဟာ အာဏာမက်မောပြီး အလွန်ကြမ်းတမ်းရက်စက်တဲ့သူဖြစ်ပြီး နိုင်ငံရေးထက် ငွေကိုပဲ စိတ်ဝင်စားသူဖြစ်တာကြောင့် ဖခင်ဖြစ်သူရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။အကြံအိုက်နေတဲ့ အရာရှိ ဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒါနုရှ် နဲ့ ရုပ်ချင်းတစ်ပုံစံတည်း တူရုံတင်မကဘဲ စိတ်ထားကောင်းမွန်ပြီး မင်းသားဖြစ်ချင်နေတဲ့ စားသောက်ဆိုင်ပိုင်ရှင်လေး ခရစ်ရှ်နားနဲ့ သွားတွေ့ပါတော့တယ်။ ဒီနေရာမှာ အကြံပေးအရာရှိ ဟာ အန္တရာယ်များတဲ့ အစီအစဉ်တစ်ခု ဆွဲပါတော့တယ်။ အဲ့ဒါကတော့ စိတ်ကောင်းရှိတဲ့ခရစ်ရှ်နားကို ဒါနုရှ် အဖြစ် အယောင်ဆောင်စေပြီး ဝန်ကြီးချုပ်နေရာအတွက် ပြည်သူ့ရှေ့ကို တင်ပေးလိုက်တာပါပဲ။ ခရစ်ရှ်နား ရဲ့ ရိုးသားပြီး ပြည်သူကို တကယ်စာနာတတ်တဲ့ စိတ်ထားကြောင့် ပြည်သူတွေရဲ့ ထောက်ခံမှုကို အကြီးအကျယ် ရရှိလာချိန်မှာတော့... လန်ဒန်က တကယ့်သားအစစ် ဒါနုရှ် က အိန္ဒိယကို ရုတ်တရက် ပြန်ရောက်လာပြီး ခရစ်ရှ်နား ရဲ့ ချစ်သူ ရွတ်ခ်မီနီ ကိုပါ ပြန်ပေးဆွဲတဲ့အထိ ပြဿနာတွေ ရှုပ်ထွေးကုန်ပါတော့တယ်။ အာဏာ၊ အချစ်နဲ့ မိသားစုဝင်တွေကြားက လက်တုံ့ပြန်မှုတွေ ကြားထဲမှာ တကယ့်အစစ်ဖြစ်တဲ့ "The Devil" လို့ အမည်ရတဲ့ ဒါနုရှ် နဲ့ လူကောင်းလေး ခရစ်ရှ်နား တို့ ဘယ်လို အားပြိုင်ကြမလဲဆိုတာကို ဒီဇာတ်ကားမှာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ File size… 7.6 GB / 2.61 GB / 1.43 GB Quality…WEB DL 4K / 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း