ဇာတ်ကားများ ရွေးရန်

Who Cares?

2025ဇာတ်ကားအမှတ် 4.0/10114 မိနစ်

ရှေးရိုးစွဲ အယူအဆရှိပြီး လုပ်ငန်းခွင်မှာ LGBT ဘာညာတွေကို ခွဲခြားဆက်ဆံ အနိုင်ကျင့်သူဖြစ်ဖူးခဲ့တဲ့ မာကိုတိုစံဟာ လိင်တူချစ်သူ ကောလိပ်ကျောင်းသားလေး ဒိုင်းချိကွန်းကြောင့် ပြောင်းလဲလို့နေခဲ့ပါပြီ။ ဒါပေမဲ့ လက်ရှိအလုပ်မှာ ဝန်ထမ်းတစ်ယောက် နုတ်ထွက်သွားပြီး ပြဿနာတွေတက်နေချိန် အရင်တုန်းသူ သူ အနိုင်ကျင့်ခဲ့ဖူးတဲ့ ကောင်လေးနဲ့ အလုပ်ကိစ္စမှာ ပြန်လည်ရင်ဆိုင်ဖို့ ဖြစ်လာပါတယ်...။ မိန်းမဖြစ်သူ မီခါကလည်း Idol ဖန်ဖြစ်ပြီး သူကြိုက်တဲ့အဖွဲ့ ရှိုးပွဲသွားကြည့်နိုင်ဖို့အတွက် အိမ်ထောင်ရှင်မဘဝကနေ အမြဲတမ်းဝန်ထမ်းအဖြစ် ဝင်လုပ်ရာမှာ အသက်အရွယ် ယဉ်ကျေးမှု ကွာခြားမှုတွေကြား အဆင်ပြေနိုင်ပါ့မလား...။ သမီးဖြစ်သူ BL စာရေးဆရာမကလည်း ကိုယ်ပိုင်ဖန်တီးမှု မန်ဂါကို ဖန်တီးရင်း ဘယ်လိုအခက်အခဲတွေ ကျော်ဖြတ်ရမလဲ...။ သားဖြစ်သူကရော ဝါသနာပါတဲ့အရာတွေနဲ့ ကျောင်းက ဖျက်သိမ်းရတော့မယ့် ဘေ့စ်ဘောအသင်းကို ဘယ်လိုမျိုး ကယ်တင်ပေးသွားမလဲဆိုတာတွေရော အိုကီတာမိသားစုတို့ရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှုလေးတွေအပြင် ဒိုင်းချိကွန်းရဲ့ အဝေးရောက် လိင်တူအချစ်ကိစ္စလေးတွေရော ဟာသလေးနှောပြီး Slice of life လေးတွေကို ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်....။

ဇာတ်လမ်းအကြောင်း