ဇာတ်ကားများ ရွေးရန်

Backwood Madness

2025ဇာတ်ကားအမှတ် 1.0/1080 မိနစ်

Backwood Madness (2025) မြောက်ဥရောပ (Nordic) ဒဏ္ဍာရီထဲက သတ္တဝါဆန်းတွေကို Lord of the Rings စတိုင်ဆန်ဆန် ဖန်တီးထားတာကြောင့် Fantasy ကားကောင်းတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းကတော့ လူသားတွေ အချင်းချင်း တိုက်ခိုက်ကြတဲ့ စစ်ပွဲကြီးတစ်ခုအကြောင်းကနေ စတင်ထားပါတယ်။ လူသားတွေရဲ့ လက်နက်ဆန်းတွေနဲ့ ဖျက်ဆီးမှုတွေဟာ သာမန်လူတွေရဲ့ ဘဝကိုတင်မကဘဲ... ရှေးဟောင်း တောနက်ကြီးအတွင်း ကိန်းဝပ်စောင့်ရှောက်နေကြတဲ့ သဘာဝတောစောင့် ဝိညာဉ်တွေနဲ့ သတ္တဝါဆန်းတွေကိုပါ အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့ပါတယ် ဒီလိုနဲ့ တောအုပ်ကြီးရဲ့ သဘာဝမျှခြေ ပျက်စီးသွားခဲ့ပြီးနောက်... ဒေါသထွက်နေတဲ့ တောစောင့်နတ်ဆိုးတွေနဲ့ ဝိညာဉ်တွေဟာ လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကလဲ့စားချေဖို့ စတင်လိုက်ပါတော့တယ်။ စစ်ပွဲကြောင့် သွေးထွက်သံယိုဖြစ်နေတဲ့ လူသားတွေဟာ သဘာဝတရားကြီးရဲ့ ကြောက်စရာ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရချိန်မှာတော့... ပျက်စီးသွားတဲ့ သဘာဝတရားနဲ့ လူသားတွေကြားက မျှခြေကို ပြန်လည်ထိန်းညှိပေးနိုင်မယ့် လျှို့ဝှက်ဆန်းကြယ်သူ တစ်ဦး ပေါ်ထွက်လာပြီး အသက်လုတိုက်ပွဲဝင်ရပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း