ဇာတ်ကားများ ရွေးရန်

Atithi Bhooto Bhava

2022ဇာတ်ကားအမှတ် 9.0/10113 မိနစ်

ဆရီကန့်က ဟာသပြောသူတစ်ယောက်ဖြစ်ပြီး သူ့ချစ်သူ နက်သရာကတော့ လေယာဉ်မယ်ပါ။ ငယ်ငယ်ကတည်းက ချစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ ချစ်သူသက်တမ်း လေးနှစ်ရှိနေပါပြီ။ တစ်နေရာစီနေခဲ့ရတဲ့ ချစ်စခင်စကာလတွေတုန်းက အမှတ်တရနေ့တိုင်း လက်ဆောင်တွေပေးရင်း ကြည်နူးခဲ့ကြပေမယ့် အခုတော့ ဆရီကန့်က နက်သရာ့ကို တန်ဖိုးမထားတော့ဘူး။ ကြောင်နဲ့ကြွက်လို မတည့်ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တော့ မပြတ်နိုင်ကြပါဘူး။ အသေးအဖွဲကိစ္စတစ်ခုနဲ့ စကားများပြီး ဆရီကန့် အရက်သောက်မူးလာတဲ့ တစ်ညမှာ မာခန်ဆင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ မာခန်ဆင်းက သူ့ငယ်ချစ်ဦး မန်ဂျူးနဲ့ ပြန်ဆုံနိုင်ဖို့ ဆရီကန့်ဆီ အကူအညီတောင်းလာတယ်။ ထူးဆန်းတာက မာခန်ဆင်းဟာ ဆရီကန့်ကို အဘိုးလို့ ခေါ်နေတာပါ။ ဘာကြောင့် ဒီလိုခေါ်နေရတာလဲ၊ မာခန်ဆင်းနဲ့ မန်ဂျူး ပြန်ဆုံဖို့ ဆရီကန့်က ဘယ်လိုကူညီပေးမလဲ။ ၁၉၇၅ ခုနှစ်မှာ အစပြုပြီး ၂၀၂၁ ခုနှစ်ကို အဓိကဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်ကားက ချစ်ခြင်းမေတ္တာ ဘယ်လောက်ခိုင်မြဲနိုင်သလဲဆိုတာကို ဟာသနှောပြီး တင်ပြထားပါတယ်။ ဆရီကန့်အဖြစ် Pratik Gandhi၊ နက်သရာအဖြစ် Sharmin Segal နဲ့ မာခန်ဆင်းအဖြစ် Jackie Shroff တို့ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း