Witch from Nepal
ဟောင်ကောင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ "ဂျိုးဝမ်" နဲ့ သူ့ရဲ့ချစ်သူ "အိုင်ဒါ" တို့ဟာ နီပေါနိုင်ငံကို အလည်အပတ်ခရီးထွက်ခဲ့ကြပါတယ် ခရီးစဉ်မှာ ဂျိုး ဟာ မြင်းပေါ်ကပြုတ်ကျပြီး ခြေထောက်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ပါတယ် ဆေးရုံမှာ ကုသနေချိန် ဆရာဝန်ကတောင် ခြေထောက်ဖြတ်ပစ်ရမဲ့အခြေအနေလိုပြောပေမဲ့ အံ့ဩဖွယ်အစွမ်းရှိတဲ့ မျက်နှာဖုံးထားတဲ့ မိန်းကလေးတစ်ယောက်က သူ့မှော်အစွမ်းနဲ့ လုံးဝပျောက်ကင်းအောင် ကုသပေးခဲ့ပါတယ်။ ဟောင်ကောင်ကို ပြန်ရောက်လာပြီးနောက်မှာ ရှီလာက ပြန်ပေါ်လာပြီး ဂျိုးကို မှော်အစွမ်းနဲ့ သာမန်လူထက် ထူးခြားတဲ့စွမ်းအားတွေ ရရှိစေခဲ့ပါတယ်။ ရှီလာ က သူဟာ နီပေါမှာရှိတဲ့ ရှေးဟောင်းမျိုးနွယ်စုတစ်စုကို ကာကွယ်နေသူတစ်ဦးဖြစ်ပြီး ဂျိုးက သူတို့မျိုးနွယ်စုရဲ့သွေးတွေ စီးဆင်းနေတဲ့ ခေါင်းဆောင်အသစ်ဖြစ်တဲ့အပြင် သူတို့အခက်အခဲကို ဂျိုးတစ်ယောက်သာ ကယ်တင်နိုင်ကြောင်း ပြောပြခဲ့ပါတယ်။ ရှီလာက ဂျိုးကို မှော်စွမ်းအားတွေ ပေးပြီး ကယ်တင်ခဲ့တဲ့အတွက် နီပေါက အင်အားကြီးပြီး ရက်စက်လှတဲ့ "နတ်ဆိုးကြီး" ရဲ့ အငြိုးထားတာကို ခံရတော့မယ်ဆိုတာကိုပါ သတိပေးခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရာစုနှစ်များစွာ အိပ်စက်နေခဲ့တဲ့ အမှောင်စွမ်းအားဟာ ပြန်လည်နိုးထလာပြီး ဂျိုးရဲ့ အသက်ကို အန္တရယ်ပြုပါတော့တယ်။ မယုံနိုင်စရာ အဖြစ်အပျက်တွေကြားမှာ ဂျိုးတစ်ယောက် သာမန်လူဘဝကို ဆက်လက်ရွေးချယ်မလား...... ဒါမှမဟုတ် လူသားတွေအတွက် အန္တရာယ်ဖြစ်လာမဲ့ အမှောင်အင်အားကို ဆက်တိုက်ခိုက်မလားဆိုတာ......
ဇာတ်လမ်းအကြောင်း