ဇာတ်ကားများ ရွေးရန်

The Night Eats the World

2018ဇာတ်ကားအမှတ် 6.1/1094 မိနစ်

The Night Eats the World (2018) "ဆမ်" ဆိုတဲ့ လူငယ်တစ်ယောက်ဟာ သူ့ချစ်သူနဲ့လမ်းခွဲပြီးနောက်မှာ သူ့ပစ္စည်းတွေ သွားပြန်ယူရင်း တိုက်ခန်းတစ်ခုမှာ ကျင်းပနေတဲ့ ပါတီကို ရောက်ရှိသွားခဲ့ပါတယ် ဒီလိုနဲ့ညဘက် ပါတီရဲ့ဆူညံသံတွေကြား ပါတီရဲ့သီးသန့်အခန်းထဲမှာ သတိမထားမိပဲ အိပ်ပျော်သွားခဲ့ပါတယ် ဒါပေမဲ့ နောက်တစ်နေ့မနက် နိုးလာတဲ့အခါမှာတော့ သူ့ပတ်ဝန်းကျင်တစ်ခုလုံး မထင်မှတ်ထားလောက်အောင် လုံးဝပြောင်းလဲသွားခဲ့ပါပြီ တိုက်ခန်းထဲမှာ သွေးကွက်တွေနဲ့ သေဆုံးနေတဲ့ လူတွေကိုပဲ တွေ့ရပါတော့တယ် လမ်းမပေါ်မှာတော့ လူသားတွေကို အစာငတ်ပြတ်စွာ လိုက်လံကိုက်ခဲနေကြတဲ့ ဇွန်ဘီ (Zombies) တွေနဲ့ ပြည့်နှက်နေတာကို တွေ့လိုက်ရပါတယ် ကမ္ဘာပျက်မတတ် ကပ်ဘေးဆိုးကြီး ကျရောက်သွားချိန်"ဆမ်"ဟာ အဲဒီတိုက်ခန်းထဲမှာပဲ ပိတ်မိလျက်သား ဖြစ်သွားခဲ့ပါတယ် အပြင်ထွက်ဖိုကလည်း အသက်အန္တရာယ်ရှိတာကြောင့် တိုက်ခန်းထဲမှာပဲ ရေနဲ့ အစားအစာတွေကို ဘယ်လိုရှာဖွေပြီး အသက်ဆက်ရှင်ဖို ကြိုးစားမလဲ... တိတ်ဆိတ်လွန်းတဲ့ ပါရီမြိုကြီးရဲ့ အဆောက်အဦတစ်ခုထဲမှာ တစ်ယောက်တည်းကျန်ခဲ့ရတဲ့ ဆမ်တစ်ယောက် ဘယ်လိုကျော်ဖြတ်သွားမလဲဆိုတာ..ကိုရိုက်ပြထားတာပါ နောက်ပြီး ဆုတွေနဲ့ပတ်သက်လိုလည်း • Neuchâtel International Fantastic Film Festival (2018): • Best Feature Film (Best European Fantastic Feature Film - Silver Méliès) ဆု • Titra Film Award• Granada Paradiso (2018):• Best Screenplay (အကောင်းဆုံး ဇာတ်ညွှန်းဆု - Guillaume Lemans, Jérémie Guez နှင့် Dominique Rocher) ဆု • Les Arcs European Film Festival (2018):• Press Award (သတင်းမီဒီယာများရဲ့ အကောင်းဆုံး ရုပ်ရှင်ဆု) တွေနဲ့အတူ ဆန်ခါတင်စရင်းဝင်ခဲ့တဲ့ ဆုတွေကတော့ • Fantasporto (2018): Best Film (International Fantasy Film Award) ဆန်ခါတင် • L'Estrange Festival (2018): Nouveau Genre Award ဆန်ခါတင် • Méliès d'Or (2018): Best European Fantastic Film ဆန်ခါတင် .Gérardmer Film Festival (2018): Grand Prix ဆန်ခါတင် ဆုတွေရရှိထားပါတယ် နောက်ပြီးဒီဇာတ်ကားဟာ ဖြစ်ရိုးဖြစ်စဉ် ဇွန်ဘီကားတွေလို အက်ရှင်ခန်းတွေကို အဓိကမထားဘဲ၊ တစ်ယောက်တည်း သီးသန့်ခွဲထွက်နေရတဲ့ စိတ်ဒဏ်ရာနဲ့ အထီးကျန်မှုကို အနုပညာဆန်ဆန် ရိုက်ကူးထားတာမို အပျော်တမ်းနဲ့ လွတ်လပ်သော ရုပ်ရှင်ပွဲတော် (Indie/Fantastic Film Festivals) တွေမှာ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို အများအပြား ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း