Kaiju Guy!
ပေါ့ပေါ့ပါးပါးနဲ့ ပြုံးပျော်ရမယ့် ဂျပန်ကားလေးတစ်ကားပါ။ ယာမာဒါဆိုတဲ့ ဆဲကိမြို့ငယ်လေးရဲ့ ခရီးသွားလာရေးဌာနက ပြည်သူ့ဝန်ထမ်းတစ်ယောက်ဟာ ငယ်စဉ်တုန်းကတော့ ကိုင်ဂျူးတို့ ဘာတို့လို အကောင်သတ္တဝါကြီးတွေပါတဲ့ ရုပ်ရှင်မျိုးကို ရူးသွပ်ပြီး အဲဒါကို ကိုယ်တိုင် ရိုက်ကူးချင်တဲ့ စိတ်ကူးရှိသူပေါ့။ သူတို့ ဌာနကလည်း တစ်ခုခုဆိုရင် ဟိုလူကဆဲ ဒီလူကဆဲနဲ့ အမြဲတမ်း အထောင်းခံနေရတဲ့ ဌာနလေး။ တစ်ရက်ကျ မြို့တော်ဝန်က ဘာစိတ်ကူးပေါက်သည်မသိ သူတို့ ဆဲကိဒေသလေးကို ပုံရိပ်မြင့်တင်ချင်တဲ့အတွက် ဒေသဆိုင်ရာ ရုပ်ရှင်ကားလေးတစ်ကား ဖန်တီးပေးဖို့ဆိုပြီး အမိန့်ကျလာပါရော။ အဲဒီမှာ ငယ်ငယ်တုန်းက အကောင်ကားရိုက်တဲ့ ဒါရိုက်တာဖြစ်ချင်နေတဲ့ ယာမာဒါတစ်ယောက် ကိုင်ဂျူးကားရိုက်ဖို့ တောင်းဆိုပေမဲ့လည်း ပယ်ချခံရပြီး သာမန်ရုပ်ရှင်ကားအနေနဲ့ပဲ ရိုက်ဖို့ ဆူခံလိုက်ရပါတယ်။ သို့သော်လည်း ကံကောင်းချင်တာလား ဆိုးချင်တာလားမသိပေမဲ့ ပြဿနာတွေတက်ပြီး ယာမာဒါတစ်ယောက် သူရူးသွပ်တဲ့ အနုပညာနောက် လိုက်ခွင့်ကြုံလာတဲ့အခါမှာတော့... ဘာတွေဖြစ်ကြမလဲဆိုတာကို ရယ်မောစရာလေးတွေနဲ့ တင်ဆက်ထားတဲ့ ဂျပန်ကားလေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း