Kanmani Paappa
ကာသစ်ဟာ အစိုးရစီမံကိန်းငယ်တွေမှာ ရင်းနှီးမြှုပ်နှံလေ့ရှိတဲ့ ကန်ထရိုက်တာတစ်ယောက်ပါ။ သူ့မှာ လည်လည်ဝယ်ဝယ်ရှိတဲ့ သမီးလေး ကန်မနီနဲ့ သူ့ကို နားလည်အားပေးတဲ့ ဇနီး ကန်နာမာတို့ ရှိပါတယ်။ ငွေရေးကြေးရေးအခက်အခဲတွေ ဝိုင်းနေချိန်မှာ ဇနီးရဲ့အားပေးမှုကြောင့် စိတ်သက်သာရာရခဲ့သလို ချေးထားတဲ့ငွေတွေ ပြန်ရလာတဲ့အခါ အခြေအနေ ပြေလည်လာခဲ့တယ်။ အဲဒီနောက် မိသားစုအတွက် စိတ်ကူးထားတဲ့အိမ်ကို ဝယ်ဖို့ မက်ဒူရိုင်းကနေ ကိုဒိုင်ကန်နယ်ဆီ သွားကြည့်ကြပါတယ်။ သူတို့ကြည့်မယ့်အိမ်ကြီးက သရဲခြောက်တယ်လို့ နာမည်ကြီးပြီး ပွဲစားတွေတောင် အနားမကပ်ရဲတဲ့အိမ်ပါ။ ဒါပေမယ့် ပွဲစားတစ်ယောက်ရဲ့ လှည့်ဖြားရောင်းချမှုကြောင့် ကာသစ်တို့မိသားစု အဲဒီအိမ်ဆီ ရောက်လာခဲ့ကြတယ်။ အိမ်ကိုရောက်ချိန်မှာ သမီးလေး ကန်မနီ မကြာခဏ ပျောက်ပျောက်သွားတာကစပြီး ထူးဆန်းတဲ့ သဘာဝလွန်ဖြစ်ရပ်တွေ ဆက်တိုက်ကြုံလာရပါတယ်။ လူတွေပြောနေသလို ဒီအိမ်က တကယ်ပဲ သရဲခြောက်နေတာလား၊ အရင်ပိုင်ရှင်တွေက ဘယ်သူတွေလဲ၊ ဒီအိမ်မှာ ဘယ်လိုအတိတ်တွေ ရှိခဲ့တာလဲဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတော့တယ်။
ဇာတ်လမ်းအကြောင်း