ဇာတ်ကားများ ရွေးရန်

Taanakkaran

2022ဇာတ်ကားအမှတ် 7.6/10142 မိနစ်

အာရီဗူဟာ ငယ်ငယ်ကတည်းက ရဲဖြစ်ချင်ခဲ့တဲ့ လူငယ်တစ်ယောက်ပါ။ သူ့အဖေက ရဲအလုပ်ကို တန်ဖိုးရှိတဲ့အလုပ်လို့ မြင်ပေမယ့် ကိုယ့်ပြဿနာကို သေချာနားထောင်ပြီး မျှမျှတတဖြေရှင်းပေးမယ့် ရဲမျိုးကို တွေ့ဖူးသလားဆိုတဲ့ မေးခွန်းလည်း ရှိနေတယ်။ သားကြီးလာရင် ရဲဖြစ်စေချင်တဲ့ အဖေရဲ့ဆန္ဒနဲ့ သူ့ကိုယ်ပိုင်ဆန္ဒတို့ကြောင့် အာရီဗူက ဒီအိပ်မက်အတွက် ဘဝကိုပုံအပ်ပြီး ရဲအလုပ် လျှောက်ခဲ့ပါတယ်။ ရဲဖြစ်ဖို့ ပထမဆုံးတက်ရတဲ့ သင်တန်းမှာတော့ သူမျှော်လင့်ထားတဲ့အရာတွေနဲ့ လက်တွေ့ကြား ကွာဟချက်ကို ရင်ဆိုင်ရတယ်။ ပြောသမျှအတိုင်းလုပ်၊ မေးခွန်းပြန်မထုတ်နဲ့ဆိုတဲ့ အမိန့်တွေအောက်မှာ အထက်ကိုဖားပြီး အောက်ကိုဖိနှိပ်တဲ့စနစ်က လွှမ်းမိုးနေပါတယ်။ မတရားတာတွေ့ရင် ခေါင်းငုံ့ငြိမ်ခံမနေတတ်တဲ့ အာရီဗူဟာ ဒီသင်တန်းထဲက အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ပြီး ရဲဖြစ်ချင်တဲ့အိပ်မက်ကို ဆက်လျှောက်မလဲ။

ဇာတ်လမ်းအကြောင်း