Kindergarten Cop
"ဂျွန်ကင်ဘဲလ်" ကတော့ ရဲလောကမှာ နာမည်ကြီးပြီး ခက်ထန်ပြတ်သားတဲ့ လော့စ်အိန်ဂျလိစ် မြို့ပြရဲအရာရှိတစ်ဦး ပါ သူဟာ နှစ်တော်တော်ကြာ လိုက်လံဖမ်းဆီးနေရတဲ့ မူးယစ်ဆေးဝါးမှောင်ခိုလောကက လူဆိုး "ကာလန်ခရစ်ပ်" ကို ဖမ်းဆီးဖို့ ကြိုးစားနေတာပါ။ ကာလန်ခရစ်ပ်ဟာ သူ့ရဲ့ ဇနီးဟောင်းနဲ့ သားဖြစ်သူဆီကနေ ငွေကြေးအမြောက်အမြားကို လုယူဖို့ လိုက်ရှာနေပြီး၊ အဲဒီသားအမိဟာ အော်ရီဂွန်ပြည်နယ်က မြို့လေးတစ်မြို့မှာ နာမည်ပြောင်းကာ ပုန်းအောင်းနေကြပါတယ်။ ကင်ဘဲလ်နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ရဲမေတို့ဟာ ကာလန်ခရစ်ပ်ရဲ့ သား တက်ရောက်နေတဲ့ မူကြိုကျောင်းကို စုံစမ်းသိရှိသွားပြီး ကာလန်ခရစ်ပ်ရဲ့ ဇနီးဟောင်းက ဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့ စီမံကိန်းချလိုက်ပါတယ်။ အစပိုင်းမှာ ရဲမေက မူကြိုဆရာမအဖြစ် ကျောင်းထဲကို လျှို့ဝှက်ထိုးဖောက်ဝင်ရောက်ဖို ပြင်ဆင်ခဲ့ပေမဲ့ ရုတ်တရက် နေမကောင်းဖြစ်သွားတာကြောင့် ကင်ဘဲလ်တစ်ယောက် မူကြိုကျောင်းဆရာ အဖြစ် ရုပ်ဖျက်ပြီး တာဝန်ယူလိုက်ရပါတော့တယ်။ သေနတ်ကိုင်ပြီး လူဆိုးဖမ်းလာတဲ့ ရဲအရာရှိကြီးတစ်ယောက်အတွက် အော်ဟစ်ဆော့ကစားပြီး ဆိုးသွမ်းတတ်တဲ့ မူကြိုကလေးတစ်သိုက်ကို ထိန်းရင်း ကျောင်းက ဆရာမလေးတစ်ဦးနဲ့လည်း သံယောဇဉ်ဖြစ်လာပါတယ်။ ဒါပေမဲ့ အေးချမ်းသာယာနေတဲ့ မူကြိုကျောင်းလေးထဲကို လူဆိုးကာလန်ခရစ်ပ်နဲ့ သူ့ရဲ့အမေ ရောက်ရှိလာပြီး ကလေးကို ပြန်ပေးဆွဲဖို့ ကြိုးစားလာတဲ့အခါမှာတော့ ကင်ဘဲလ်တစ်ယောက် မူကြိုဆရာအဖြစ်ကနေ ကလေးတွေကို ကာကွယ်မယ့် ရဲအရာရှိအဖြစ် ဘယ်လိုတိုက်ခိုက်ပြီး ကာကွယ်ပေးသွားမလဲ..... ကင်ဘဲလ်တစ်ယောက် လူဆိုးတွေ ရိပ်မိမသွားခင် အချိန်မီ ဖော်ထုတ်နိုင်ပါ့မလား သူ့ရဲ့ တာဝန်ကိုရော၊ ကလေးတွေရဲ့ နှလုံးသားကိုရော ဘယ်လိုပုံစံနဲ့ အနိုင်ယူသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးနော်......
ဇာတ်လမ်းအကြောင်း