Kindergarten Cop 2
ဖက်ဒရယ်သက်သေကာကွယ်ရေးအစီအစဉ်က ပျောက်ဆုံးသွားတဲ့ ထိပ်တန်းလျှို့ဝှက်ဒေတာ (Flash Drive) တစ်ခုဟာ အဆင့်မြင့် မူကြိုကျောင်းတစ်ခုရဲ့ စာသင်ခန်းထဲမှာ ဝှက်ထားခြင်းခံလိုက်ရတယ်လို့ သတင်းရရှိခဲ့ကြပါတယ်။ ဒီဒေတာကို လူဆိုးဂိုဏ်းတွေလက်ထဲ မရောက်အောင် တားဆီးဖို့အတွက် FBI အေးဂျင့် ဇက်ခ်ဟာ မူကြိုဆရာအဖြစ် ရုပ်ဖျက်ပြီး ကျောင်းထဲကို ဟန်ဆောင်ဝင်ရောက်ပြီး လူဆိုးထက်အရင် Drive ကို ရှာဖွေဖို့ တာဝန်ပေးခံခဲ့ရပါတယ်။ သေနတ်ကိုင်ပြီး လူသတ်သမားတွေကို နှိမ်နင်းလာတဲ့ အေးဂျင့်ကြီးတစ်ယောက် အပြစ်ကင်းစင်တဲ့ ကလေးတွေကို ထိန်းရင်း ဟာသဆန်တဲ့အဖြစ်အပျက်တွေ ဆက်တိုက်ကြုံတွေ့ရသလို မူကြိုဆရာမလေးတစ်ယောက်နဲ့လည်း ငြိစွန်းခဲ့ပါတယ်။ နောက်ကွယ်မှာတော့ အန္တရာယ်ရှိတဲ့ ရာဇဝတ်သားတွေနဲ့ အချိန်မရွေး ထိပ်တိုက်ရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွေကလည်း ပိုပြီးဖြစ်လာပါတယ်။ သူ့ရဲ့ စစ်တပ်ပုံစံ စည်းကမ်းတွေကို ကလေးတွေက ဂရုမစိုက်တဲ့အခါ ဇက်ခ်တစ်ယောက် ကလေးတွေကို ဘယ်လိုထိန်းမလဲ...... တစ်ဖက်ကလည်း အလှည့်အပြောင်းတွေနဲ့ ကျောင်းထဲအထိ လိုက်လံရှာဖွေလာတဲ့ သူတွေကို ကလေးတွေ မရိပ်မိအောင် ဘယ်လိုနှိမ်နင်းမလဲဆိုတာ... ကြမ်းတမ်းခက်ထန်တဲ့ အေးဂျင့်ကြီးတစ်ယောက် ပျော့ပျောင်းတဲ့ မူကြိုဆရာဘဝ ကူးပြောင်းရင်း ကလေးတွေနဲ့ သံယောဇဉ်ဖြစ်သွားပုံ ပြီးတော့ အချစ်ဇာတ်လမ်းလေးတွေနဲ့ အက်ရှင်ဟာသခန်းတွေကို ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း