ဇာတ်ကားများ ရွေးရန်

Great Expectations

1998ဇာတ်ကားအမှတ် 6.6/10111 မိနစ်

ဒီဇာတ်ကားဟာ Charles Dickens ရဲ့ ဂန္ထဝင်ဝတ္ထုကို ၁၉ ရာစု အင်္ဂလန်ကနေ ခေတ်သစ် ဖလော်ရီဒါနဲ့ နယူးယောက်မြို့ နောက်ခံအဖြစ် ပြောင်းလဲပြီး ပြန်လည်အသက်သွင်းထားတာပါ။ ငယ်စဉ်ကတည်းက ပန်းချီဆွဲဝါသနာပါတဲ့ ကောင်လေး ဖင်န် (Ethan Hawke) ဟာ ထူးခြားဆန်းကြယ်ပြီး ချမ်းသာတဲ့ အမျိုးသမီးကြီး မစ္စဒင်းစမိုး) ရဲ့ တူမဖြစ်သူ အက်စတယ်လာ ကို ငယ်ငယ်လေးကတည်းက စွဲလမ်းချစ်မိသွားပါတယ်။ အက်စတယ်လာဟာ ယောက်ျားတွေရဲ့ နှလုံးသားကို ခွဲဖို့ ငယ်စဉ်ကတည်းက သင်ကြားပေးခံထားရသူဖြစ်ပြီး "သူမက မင်းရဲ့ နှလုံးသားကို ခွဲသွားလိမ့်မယ်" လို့ သတိပေးခံရပေမယ့် ဖင်န်ကတော့ သူမကိုပဲ ဆက်ချစ်နေခဲ့ပါတယ်။ နှစ်တွေကြာလာတဲ့အခါမှာ အမည်မသိ ကျေးဇူးရှင်တစ်ယောက်ရဲ့ ထောက်ပံ့မှုနဲ့ ဖင်န် တစ်ယောက် နယူးယောက်ကိုရောက်သွားပြီး အနုပညာရှင်တစ်ယောက်အဖြစ် အောင်မြင်လာချိန်မှာ အေးစက်ပြီး လှပတဲ့ အက်စတယ်လာနဲ့ ပြန်လည်ဆုံတွေ့ရပါတယ်။ ဖင်န်ရဲ့ ငယ်စဉ်က မျှော်လင့်ချက်အိပ်မက်တွေ နဲ့ မှောင်မိုက်တဲ့ ကြောက်ရွံ့မှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာဖြစ်ပါတယ်။ အဓိက ချီးကျူးရမှာကတော့ ရုပ်ရှင်ရဲ့ ရိုက်ကူးရေးပိုင်းပဲ ဖြစ်ပါတယ်။ နာမည်ကြီး Cinematographer Emmanuel Lubezki ရဲ့ ကင်မရာထောင့်ချိုးတွေ၊ အလင်းအမှောင်နဲ့ အရောင်အသွေး အသုံးပြုမှုတွေက ရုပ်ရှင်ကို ပန်းချီကားတစ်ချပ်လို လှပနေစေပါတယ်။ ဇာတ်ဝင်တေး တွေကလည်း အရမ်းကောင်းမွန်ပြီး ရုပ်ရှင်ရဲ့ Romantic ဆန်တဲ့ ခံစားချက်ကို ပိုပြီး ပီပြင်စေပါတယ်။ Ethan Hawke နဲ့ Gwyneth Paltrow တို့ရဲ့ Chemistry က အလွန်ကောင်းမွန်ပြီး၊ အကျဉ်းသား လပ်စတစ် အဖြစ် သရုပ်ဆောင်တဲ့ Robert De Niro နဲ့ မစ္စဒင်းစမိုး အဖြစ် သရုပ်ဆောင်တဲ့ Anne Bancroft တို့ရဲ့ စွမ်းဆောင်ရည်တွေကလည်း ဇာတ်ကားကို ပိုမိုသက်ဝင်စေပါတယ်။ "Great Expectations" (၁၉၉၈) ဟာ မူရင်းဝတ္ထုကြီးကို အပြည့်အဝ မှီငြမ်းနိုင်ခြင်း မရှိပေမယ့်လည်း လှပတဲ့ မြင်ကွင်းတွေ၊ သာယာတဲ့ တေးဂီတတွေနဲ့ ခေတ်သစ် အချစ်ဇာတ်လမ်းတစ်ပုဒ်အနေနဲ့တော့ မျက်စိပသာဒဖြစ်စေမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ရင်ခုန်စရာကောင်းပြီး ခံစားမှုအပြည့်အဝပေးနိုင်တဲ့ အချစ်ဒရာမာ ဇာတ်ကားမျိုး ကြိုက်နှစ်သက်သူတွေအတွက် အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ File size…   2.3 GB / 1.2 GB Quality… Blu - Ray 1080p / 720p Format… mp4 Duration…. 1h 41m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း