ဇာတ်ကားများ ရွေးရန်

Fried Green Tomatoes

1991ဇာတ်ကားအမှတ် 7.7/10130 မိနစ်

ဒီဇာတ်ကားဟာ လက်ရှိနဲ့ အတိတ်ကာလ နှစ်ခုယှဉ်ပြီး ရိုက်ပြထားတဲ့ နာမည်ကြီး Drama / Comedy ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ အိမ်ထောင်ရေး အဆင်မပြေဘဲ စိတ်ဓာတ်ကျနေတဲ့ အသက်လတ်ပိုင်း အမျိုးသမီး အက်ဗလင်းဟာ လူအိုရုံတစ်ခုမှာ သက်ကြီးရွယ်အို အဘွားအို နင်နီသရက်ဂုဒ်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ အဘွားအိုက ၁၉၃၀ ပြည့်လွန်နှစ်များဆီက အာလာဘားမားပြည်နယ်၊ Whistle Stop မြို့ငယ်လေးမှာ ဖြစ်ပျက်ခဲ့တဲ့ သူမရဲ့ အတိတ်ဇာတ်လမ်းတွေကို အက်ဗလင်းကို ပြောပြခဲ့ပါတယ်။ အဲဒီအချိန်ကသတ္တိရှိပြီး ရဲရင့်တဲ့ ယောကျာ်းလျာစတိုင် မိန်းကလေး "အစ်ဂျီ" နဲ့ နူးညံ့သိမ်မွေ့တဲ့ "ရုသ်" တို့ရဲ့ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်ကြီးပြီးချစ်ခဲ့ကြပုံကို အဓိက ရိုက်ကူးထားပါတယ်။ သူတို့နှစ်ဦးဟာ "Whistle Stop Cafe" ဆိုတဲ့ ဆိုင်လေးကို အတူတူဖွင့်လှစ်ပြီး နာမည်ကြီး "Fried Green Tomatoes" (ခရမ်းချဉ်သီးစိမ်းကြော်) ကို ရောင်းချခဲ့ကြပါတယ်။ အဲဒီလိုနေလာရင်း သူတို့ရဲ့ ဘဝထဲမှာ လူမျိုးရေး ခွဲခြားမှုတွေ ရုသ်ရဲ့ နှိပ်စက်တတ်တဲ့ ခင်ပွန်းဟောင်းကြောင့် ကြုံတွေ့ရတဲ့ ဒုက္ခတွေနဲ့ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့တဲ့ လူပျောက်ဆုံးမှုတွေကိုလည်း ခက်ခက်ခဲခဲအတူရင်ဆိုင်ကျော်လွှားခဲ့ကြရပါတယ်။ "နင်နီ" ပြောပြတဲ့ အတိတ်က အဖြစ်အပျက်တွေနဲ့ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ပုံတွေဟာ အက်ဗလင်းရဲ့ စိတ်ဓာတ်ကို ခွန်အားရစေခဲ့ပြီး သူမရဲ့ လက်ရှိဘဝမှာခက်ခဲနေတဲ့အိမ်ထောင်ရေးကို ပြောင်းလဲပစ်ဖို့ သတ္တိတွေ ရရှိသွားစေခဲ့ပါတယ်။ ဒီဇာတ်ကားက အမျိုးသမီးတွေရဲ့ခိုင်မာတဲ့ ချစ်ခြင်းနဲ့ဘဝကို ရင်ဆိုင်ဖြတ်သန်းပုံတွေကို နွေးနွေးထွေးထွေး ပုံဖော်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကိုခက်ခက်ခဲခဲ ဖြတ်သန်းရပုံကို တစ်ခြားအမျိုးသမီးတစ်ယောက်ပြန်ကြားရတဲ့အခါ သူ့ဘဝအတွက် ဘာတွေပြောင်းလဲသွားနိုင်လဲဆိုတာ ကိုတင်ဆက်ပေးထားတာပဲဖြစ်လို့ ကြည့်ရှုသင့်တဲ့ကားကောင်းလေးတစ်ကားပါပဲ။

ဇာတ်လမ်းအကြောင်း