ဇာတ်ကားများ ရွေးရန်

Horror Doll

2026ဇာတ်ကားအမှတ် 4.9/10

မိန်းကလေးတစ်ယောက်ဟာ စိတ်အပန်းဖြေဖို့တောနက်ကြီးထဲ Trekking သွားရင်း တောင်စောင်းပေါ်ကနေ ခြေချော်ပြုတ်ကျသွားခဲ့ပါတယ်။ တောင်စောင်းတစ်လျှောက်လိမ့်ကျရင်း မေ့မြောသွားခဲ့တာကြောင့် နေဝင်သွားချိန်မှနိုးလာတဲ့အခါ အမှောင်ထုထဲမှာ လျှောက်သွားရင်း ရှေးဟောင်းအိမ်ကြီးတစ်ခုကိုရောက်သွားခဲ့ပါတယ်။ မိန်းကလေးဟာ အိမ်ပိုင်ရှင်စာရေးဆရာရှီချောင်ကိုခွင့်တောင်းပြီး တစ်ညတည်းခိုးဖို့ဆုံးဖြတ်လိုက်ပါတယ်။ အိမ်ပိုင်ရှင်ရဲ့ခွင့်ပြုချက်နဲ့ အဲဒီအိမ်ကြီးမှာတစ်ညတည်းခိုခွင့်ရခဲ့ပြီး အေးအေးချမ်းချမ်း အနားယူနိုင်မယ်လို့ထင်ခဲ့ပေမယ့် ခြောက်ခြားစရာကောင်းတဲ့ ဆန်းကြယ်တဲ့ဖြစ်ရပ်တွေနဲ့ကြုံလာခဲ့ပါတယ်။ အရုပ်တွေဟာ သူ့အလိုလိုနေရာရွှေ့ပြောင်းနေပြီးတော့ ငိုညည်းသံတွေပါ ညသန်းခေါင်ယံမှာကြားလာရတဲ့အခါ သူ့ရဲ့စိတ်ဒဏ်ရာတွေပါ လှုပ်ခတ်လာပါတယ်။ ဒီထူးဆန်းတဲ့အိမ်ကြီးကနေ အမြန်လွတ်မြောက်မှဖြစ်မယ်ဆိုတဲ့အသိဝင်လာပြီး အမြန်ထွက်ပြေးဖို့ကြိုးစားတဲ့အခါမှာတော့ ရှီချောင်ကသူ့ကိုလွယ်လွယ်နဲ့ပြန်မလွှတ်ပဲ လူသိမခံနိုင်တဲ့လျှို့ဝှက်ချက်ကြီး တစ်ခုရှိနေတာကိုသိလိုက်ရပါတယ်။ မမြင်ရတဲ့ခြောက်ချားမှုတွေနဲ့ အန္တရာယ်တွေရင်ဆိုင်လာရတဲ့အခါ မိန်းကလေးရဲ့ကံကြမ္မာဟာဘယ်လိုဖြစ်သွားမလဲ...... Filesize : 491 MB / 297 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Horror , Thriller Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း